မန္တလေးတွင် လမ်းသွားလမ်းလာ များပြားသည့် နေရာများ၌ အများသုံးသန့်စင်ခန်းများ ထားရှိရန်စီစဉ်


 မန္တလေးမြို့တွင်း၌ လမ်းသွားလမ်းသွားလမ်လာ များပြားသည့်နေရာများတွင် အများသုံး သန့်စင်ခန်းများ ထားရှိသွားရန် စီစဉ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယင်းအစီအစဉ်ကို ရက် ၁၀၀ စီမံကိန်းတခုအဖြစ် ဆောင်ရွက်သွားရန် ကနဦးကရည်ရွယ်သော်ရှိသော်လည်း သန့်စင်ခန်းများထားရှိရန် နေရာအခက်အခဲများရှိနေကြောင်း မြို့တော်စည်ပင် သာယာရေးကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။

“အများသုံးသန့်စင်ခန်းတွေထားဖို့ အရင်ကတည်းက ရှိခဲ့ပေမယ့် နေရာအခက်အခဲက ကြုံနေရတယ်။ Mobile Toilet တွေလည်း ပါမယ်ဆိုတော့ အဲဒါတွေက အဆင်သင့်ရှိပါပြီ။ လမ်းဘေးတွေမှာ လုပ်ရမှာပါ။ လမ်းလျှောက်များတဲ့နေရာတို့ အများပြည်သူ အသုံးပြုနိုင်တဲ့နေရာတွေမှာထားဖို့ စီစဉ်သွားမှာဖြစ်ပါတယ်”ဟု ၄င်းက ပြောသည်။

အများသုံးသန့်စင်ခန်းများကို မန္တလေးတောင်ခြေ၊ ကျောက်တော်ကြီးဘုရား၊ သိပ္ပံလမ်း၊ တောင်သမန်အင်းစသည့် နေရာများတွင် တည်ဆောက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျုံးပတ်လည်တွင်လည်း Mobile Toilet သို့မဟုတ် အများသုံးသန့်စင်ခန်းများ ထားရှိမည်ဖြစ်ပြီး လတ်တလောတွင် နေရာအခက်အခဲနှင့် ရင်ဆိုင်နေကြောင်း သိရသည်။

“နိုင်ငံတိုင်းမှာ လူစည်ကားရာနေရာတွေမှာ အများသုံးသန့်စင်ခန်းတွေ ထားကြသလို မန္တလေးမှာလည်း ထားဖို့ စီစဉ်တာပါ။ ကျုံးဘေးပတ်လည်မှာဆိုရင် နိုင်ငံခြားသားတွေနဲ့ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်တဲ့သူတွေအတွက် သန့်စင်ခန်းမရှိဖြစ်နေတာကြောင့် အတတ်နိုင်ဆုံးစီစဉ်ပေးဖို့ လုပ်သွားမယ်။”ဟု မန္တလေးမြို့ ဒုတိယမြို့တော်ဝန် ဦးညွန့်မောင် ကပြောသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

မန္တလေးတွင် လမ်းသွားလမ်းလာ များပြားသည့် နေရာများ၌ အများသုံးသန့်စင်ခန်းများ ထားရှိရန်စီစဉ်   မန္တလေးတွင် လမ်းသွားလမ်းလာ များပြားသည့် နေရာများ၌ အများသုံးသန့်စင်ခန်းများ ထားရှိရန်စီစဉ် Reviewed by THITHTOOLWIN on 16:51 Rating: 5
Powered by Blogger.