ပါတီဝင်(၁၇)ဦး ထုတ်ပယ်ခြင်း ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိကို စိစစ်ရန်လိုဟု သူရဦးရွှေမန်း ထုတ်ပြန်



မိမိသူရဦးရွှေမန်းအား အနားပေးထုတ်ပယ်ခြင်းနှင့်ပတ်သက်၍ တင်ပြချက်


❖ ကျွန်တော့်အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဧပြီလ(၂၂) ရက်နေ့တွင် အနားပေးခဲ့ကြောင်း အကြောင်းကြားစာ လက်ခံရရှိခဲ့ပါသည်။ သတင်းများအရ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်အများစု အပါအ၀င် ပါတီဝင်(၁၇)ဦး ပါဝင်ကြောင်း သိရပါသည်။

❖ ဤကိစ္စအတွက် အများပြည်သူ၏ ထင်မြင်ယူဆချက် သဘောထားအမြင် နှင့် မိမိခံစားမှုနီးစပ်မှုရှိပါသည်။

❖ မိမိသည် ပါတီဝင်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပါတီကို ကိုယ်စားပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ပြည်သူ့အကျိုးအတွက် မိမိ၏ နိုင်ငံရေး ခံယူချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားပါမည်။ မိမိ၏ နိုင်ငံရေးခံယူချက်မှာ ပြည်သူ့ဘ၀လုံခြုံရေး၊ ပြည်သူကောင်းစားရေးနှင့် နိုင်ငံတိုးတက်ရေးဖြစ်ပါသည်။

❖ ယခုအခါ ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေရ၍ မိမိ၏ နိုင်ငံရေးခံယူချက်ကို လွှတ်တော်၊ အစိုးရ၊ ပြည်သူများနှင့်အတူ နိုင်ငံနှင့်နိုင်ငံသား အကျိုးစီးပွားအတွက် ထိထိရောက်ရောက် မှန်မှန်ကန်ကန် ဆောင်ရွက် နိုင်မည်ဟု ယုံကြည်ထားပါသည်။

❖ သို့ရာတွင် မိမိနှင့်ကော်မရှင်အဖွဲ့ဝင်များ၊ အခြားပါတီဝင်များအပေါ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ထိပ်ပိုင်းခေါင်းဆောင်ဆိုသူအချို့၏ ပြုမူလုပ်ဆောင်မှုများသည် တည်ဆဲ၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများနှင့် ညီညွတ်မှု ရှိ/မရှိကို ပြည်ခိုင်ဖြိုးပါတီဝင်များအပါအ၀င် ပြည်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိသည့်အဖွဲ့အစည်းများက သုံးသပ် ဆုံးဖြတ်ဆောင်ရွက်ပေးရန် လိုအပ်မည်ဟု ယူဆပါသည်။

❖ ဤကိစ္စသည် ပါတီတွင်းနှင့်သာ သက်ဆိုင်သည့် အကြောင်းအရာ တစ်ခုဖြစ်သော်လည်း နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွားကို တစ်နည်းမဟုတ် တစ်နည်းဖြင့် သက်ရောက်မှုတစ်စုံတစ်ရာ ရှိလာနိုင်သည်ဟု ယူဆပါသဖြင့် မိမိတို့ ဆက်လက် တင်ပြမည့်ကိစ္စရပ်များကို နားလည်လက်ခံ ဆုံးဖြတ်ဆောင်ရွက် ပေးနိုင်ပါရန် ကြိုတင်အသိပေး တင်ပြအပ်ပါသည်။

ပြည်သူများနှင့်အတူ
သစ္စာဖြင့်
သူရဦးရွှေမန်း

(၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ သူရဦးရွှေမန်း၏ ပြောကြားမှု ကောက်နှုတ်ဖော်ပြချက်)

Thura U Shwe Mann
https://www.facebook.com/HEThuraUShweMann/
ပါတီဝင်(၁၇)ဦး ထုတ်ပယ်ခြင်း ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိကို စိစစ်ရန်လိုဟု သူရဦးရွှေမန်း ထုတ်ပြန် ပါတီဝင်(၁၇)ဦး ထုတ်ပယ်ခြင်း ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိကို စိစစ်ရန်လိုဟု သူရဦးရွှေမန်း ထုတ်ပြန် Reviewed by THITHTOOLWIN on 14:56 Rating: 5
Powered by Blogger.