စဥ့်ကိုင်မြို့နယ် ကံကြီးကျေးရွာတွင် မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်များ ပျက်စီး


စဥ့်ကိုင်၊ ဧပြီ ၂၂

စဥ့်ကိုင်မြို့နယ်၊ ကံကြီးကျေးရွာတွင် ဧပြီလ (၂၂)ရက် ညနေ (၅)နာရီ အချိန်တွင် ရွာသွန်းသော မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် (၃၂၀)ကျော် အမိုးများ လန်ခြင်း၊ ပေါက်ပြဲခြင်း၊ကျွဲ၊ နွား၊ ဆိတ်၊ ၀က် များ သေဆုံးခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။


မိုးသက်လေပြင်းတိုက်ခက်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများ (၃)လက်မထု ခန့်အထိ ကျခြင်းကြောင့် အကျေးရွာရှိ အိမ်ခြေ(၃၈၀)ကျော်မှ အိမ်ခြေ (၃၂၀)ကျော် အမိုးများ ပျက်စီးကာ လူဦးရေ (၁၀၀၀)ကျော်အား ရွာလယ်ဓမ္မာရုံတွင် ကယ်ဆယ်ရေး စခန်းဖွင့် လှစ်ထားကြောင်း သိရသည်။


ထို့ပြင် မိုးသက်လေပြင် တိုက်ခက်မှုကြောင့် ဆိတ်(၅၂)ကောင်၊ ကျွဲ (၁)ကောင်၊ ၀က် (၁)ကောင်၊ နွား (၁)ကောင် သေဆုံးခဲ့ကြောင်းသိရှိရသည်။


မိုးသက်လေပြင်းတိုက်ခက်မှုကြောင့် ပျက်စီးခဲ့သည့် အဆိုပါကျေးရွာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေ ဦးစီးကာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့ အစည်းများမှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ချက်ချင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

(မန္တလေးတိုင်းဒေသကြီး ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
စဥ့်ကိုင်မြို့နယ် ကံကြီးကျေးရွာတွင် မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်များ ပျက်စီး  စဥ့်ကိုင်မြို့နယ် ကံကြီးကျေးရွာတွင် မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်များ ပျက်စီး Reviewed by THITHTOOLWIN on 06:29 Rating: 5
Powered by Blogger.