အိန္ဒိယတွင် အပူလှိုင်းဖြတ်မှုကြောင့် သေဆုံးသူ ၂၂၀ ဦးထိ မြင့်တက်


နယူးဒေလီ ၊ ၂၄-၄-၂၀၁၆

အိန္ဒိယနိုင်ငံတွင် ယခုနှစ် အစပိုင်းမှစ၍ အပူလှိုင်း ဖြတ်မှုကြောင့် သေဆုံးသူ ၂၂ဝ ဦး အထိ မြင့်တက်ခဲ့ကြောင်း ဒေသတွင်း သတင်းဌာန တစ်ခုက ဧပြီ ၂၃ ရက်တွင် ထုတ်ပြန် ထားသည်။

နိုင်ငံအတွင်း၌ ပြီးခဲ့သည့် ရက်သတ္တ နှစ်ပတ်က အပူလှိုင်း ဖြတ်မှုကြောင့် အနည်းဆုံး လူ ၁၅ဝ ဦးသေဆုံးခဲ့ပြီး ၄င်းတို့အနက် ၁၂ဝ ဦးသည် အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ တယ်လန်ဂါနာ ပြည်နယ်နှင့် အန်ဒရာပရာဒေ့ရှ် ပြည်နယ်မှ ဒေသခံများ ဖြစ်ကြောင်း Dainik Bhaskar သတင်းဌာနက ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အော်ဒစ်ရှ ပြည်နယ်၌ ဧပြီ ၂၁ ရက်က အမြင့်ဆုံး အပူချိန်အဖြစ် အပူချိန် ၄၇ ဒီဂရီ ဆဲလ်စီးယက် (၁၁၆ ဒသမ ၆ ဖာရင်ဟိုက်) အထိ ရောက်ရှိခဲ့သည်။ ယခုအခါ အိန္ဒိယနိုင်ငံ အနေဖြင့် အပူလှိုင်း ဖြတ်မှုကြောင့် အဓိက ရေလှောင်တမံ ၏ ရေအမှတ်မှာ လျင်မြန်စွာ ကျဆင်းသွားပြီး ပြည်နယ် တချို့တွင် ရေရှားပါးခြင်း ပြဿနာရပ် များနှင့် ကြုံတွေ့ နေရကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
အိန္ဒိယတွင် အပူလှိုင်းဖြတ်မှုကြောင့် သေဆုံးသူ ၂၂၀ ဦးထိ မြင့်တက်  အိန္ဒိယတွင် အပူလှိုင်းဖြတ်မှုကြောင့် သေဆုံးသူ ၂၂၀ ဦးထိ မြင့်တက် Reviewed by THITHTOOLWIN on 16:22 Rating: 5
Powered by Blogger.