ဟားခါးမြို့၌ နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား


ဟားခါး ဧပြီ ၁၉

ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့ ဗိုလ်ချုပ်လမ်းပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ရုံးအနီး Gas အိုးများ ရောင်းချသည့် (GASPA ဆိုင်) ဒေါ်ဗျက်နွမ်ကျဲရ်၏ နေအိမ် မီးလောင် ကျွမ်းခဲ့ကြောင်း သိရသည်။


အဆိုပါ မီးလောင်မှု ဖြစ်ပွားသည့်နေရာသို့ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ် အဆင့် အဖွဲ့အစည်းများ၊ ပြည်နယ် ရဲတပ်ဖွဲ့မှ ဒုတိယ ပြည်နယ်ရဲမှူးနှင့်အဖွဲ့ ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ် မြို့နယ် မီးသတ် တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား (၃၀၀)ခန့်နှင့် မီးသတ်ယာဉ် (၅)စီး အုပ်ချုပ်မှု ယာဉ် (၁) စီးတို့ဖြင့် မီးငြိမ်း သတ်ခဲ့ရာ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။


အဆိုပါမီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာ (၂) ထပ် နေအိမ်တစ်လုံး ၊ ဆိုင်ကယ်(၄) စီး ပျက်စီး ဆုံးရှုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

ပြည်နယ် (ပြန်/ဆက်)

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဟားခါးမြို့၌ နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား  ဟားခါးမြို့၌ နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား Reviewed by THITHTOOLWIN on 07:21 Rating: 5
Powered by Blogger.