ချင်းပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ ကျင်းပ


 မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနား ဟားခါး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဟားခါး ဧပြီ ၁၂

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ ၆၀၀၀ ကျော်၌ တည်ရှိသော ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့၌ ၁၃၇၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက ဟားခါးမြို့ ပြည်ထောင်စုရိပ်သာ အနီးရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ သည်။

မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် က မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဦးဇိုဘွဲနှင့် ပြည်နယ်လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင်ထန်တို့က မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။


ထို့နောက် ၁၃၇၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား “ မန်းတောင်ရိပ်ခို” သီချင်းဖြင့် သီဆိုကပြဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ယိမ်းအဖွဲ့များနှင့် ဧည့်ပရိသတ်များအား နံ့သာရည်၊ သပြေခက်များဖြင့် အတာ ရေ ပက်ဖျန်းပေးကြကာ ယိမ်းအဖွဲ့များက ဖျော်ဖြေတင်ဆက်ကြသည်။

ချင်းပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ယိမ်းအဖွဲ့(၂၀)က ယနေ့မှ စ၍ မဟာသင်္ကြန် အတက်နေ့ ဧပြီလ ၁၆ ရက်နေ့အထိ နေ့စဉ် ဆက်လက် ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

( ပြည်နယ် ပြန်/ဆက် )
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ချင်းပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ ကျင်းပ  ချင်းပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ ကျင်းပ Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.