တူရကီ နိုင်ငံ နံမည်ကြီး ဟက်ကာညီနောင်အဖွဲ့  ၀င် (၂၀ )ဖမ်းဆီးခံရ


Breaking news on 6April 2016

တူရကီနိုင်ငံ အီစတန်ဘူ ရဲအရာရှိတွေက အင်တာနက် အွန်လိုင်း ကနေ ဒေါ်လာ (၇)သိန်းကျော် (ကျပ် သိန်းပေါင်း ၇၀၀၀)ခိုးယူခဲ့ကြတဲ့ ဟတ်ကာ ညီနောင်TU နဲ့  VU အပါအ၀င်အဖွဲ့ ဝင် (၂၀)ကိုဖမ်းဆီး နိုင်ခဲ့ကြောင်း သိရပါတယ်။

ဆိုဒ်ဘာ ဟတ်ကာ ညီနှောင်အဖွဲ့ ဟာ ဘဏ်တွေ -စီးပွားရေးလုပ်ငန်းရှင်တွေ ရဲ့  အွန်လိုင်းအချက်အလက်တွေကို နည်းပညာ မျိုးစုံနဲ့  ထိုးဖေါက်ဝင်ရောက် ကြည့်ခဲ့ကြပြီး ဘဏ်စာရင်းဆိုင်ရာအချက်အလက်တွေကိုခိုးယူခဲ့ကြပါတယ်။
ပြီးတဲ့အခါ သူတို့ ရဲ့  ဟတ်ခံရတဲ့ သူတွေ ရဲ့  ဘဏ်တွေကနေ ငွေတွေလွဲပြောင်းယူကြတာဖြစ်ပါတယ်။

မကောင်းတာကို အားကျနေကြတဲ့ လူငယ်မျိုးဆက်တွေဟာ သူတပါးကိုနှောက် ရှက်ဖျက်ဆီးနိုင်ဘို့  ဟက်ကာ ပညာတွေကိုလေ့လာခဲ့ပြီး သူတပါးအတွင်းရေးကိုဝင်ရောက်ခိုးကြည့်တဲ့အဆင့်ကနေ ငွေခိုးတာ တွေ
ခြိမ်းခြောက်ပြီးငွေတောင်းတဲ့အဆင့် တဖန် တဦးတယောက်ရဲ့  အွန်လိုင်းအကောင့်ကို သုံးမရအောင် ဖျက်ဆီးတဲ့အဆင့် ထိ ရောက်လာခဲ့ပါတယ်။

ခုလို မသမာတဲ့ နည်းပညာတွေကို အကြမ်းဖက်သမားတွေအများ ဆုံးသုံး နေကြပြီး နိုင်ငံရဲ့  လုံခြုံရေးစနစ်နဲ့  လူထု အသက်ပေါင်းများစွာသေ ဆုံးတဲ့ အထိ အန္တရယ်ကြီးပါတယ်၊ ဥပမာ လေကြောင်းဆိုင်ရာ ထိမ်းချုပ်မှုကို အွန်လိုင်းကနေ ဟက်ကာတွေက လမ်းကြောင်းပြောင်းခိုင်းပြီး လေပေါ်မှာ ၀င်တိုက်တဲ့အဆင့်အထိ အန္တရယ်ပေးနိုင်တာကြောင့် အစိုးရတွေအနေနဲ့  ကျွမ်းကျင်ပညာရှင်တွေဌားရမ်းပြီး ဟက်ကာအုပ်စုတွေရဲ့  ရန်ကို လေ့ လာစောင့်ကြည့်နေရပါတယ်။

Social Action for Women - SAW

ကိုးကားPolice nab operators of virus fraud network
https://www.facebook.com/Social-Action-for-Women-SAW
တူရကီ နိုင်ငံ နံမည်ကြီး ဟက်ကာညီနောင်အဖွဲ့  ၀င် (၂၀ )ဖမ်းဆီးခံရ  တူရကီ နိုင်ငံ နံမည်ကြီး ဟက်ကာညီနောင်အဖွဲ့  ၀င် (၂၀ )ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 16:42 Rating: 5
Powered by Blogger.