“နေပြည်တော်မှာလည်း ကုမ္ဗဏီမဏ္ဍပ်ကြီးများ ယခင်နှစ်ထက် နည်းပါး”


ပုံတွင် မြင်တွေ့ရသော ဘိလပ်မြေအုတ်စီ၍ အခိုင်အမာ တည်ဆောက်နေသောမဏ္ဍပ်မှာ စကိုင်းနက်မဏ္ဍပ်ဖြစ်သည်။ ထုထည်ကြီးမားပြီး ခန့်ခန့်ညားညား ဆောက်လုပ်လျက်ရှိသော စကိုင်းနက်မဏ္ဍပ်သည် လူသွားပလက်ဖောင်းကိုဖျက်၍ တည်ဆောက်နေခြင်း၊ မဏ္ဍပ်အောက်တွင်အခန်းဖွဲ့စည်းထားခြင်းတို့ကြောင့် ဝေဖန်သံများ ထွက်ပေါ်လျက်ရှိသည်။


ယမန်နှစ်က နေပြည်တော် ဟိုတယ်ဇုံ (၁) တွင် ရေကစားမဏ္ဍပ် ၁၀ ခုခန့်ရှိခဲ့သော်လည်း ယခုနှစ်သင်္ကြန်အတွက် လက်ရှိအချိန်ထိ ရွှေဧည့်သည်ဟိုတယ်ရှေ့ရှိ စကိုင်းနက်ရေကစားမဏ္ဍပ်နှင့် ACE ဟိုတယ်ရှေ့ရှိ ACE ရေကစားမဏ္ဍပ် နှစ်ခုသာလျှင် တည်ဆောက်ထားသည်ကို တွေ့ရှိရသည်။ အခြေအနေစောင့်ကြည့်နေသည့်သဘောဟု ဟိုတယ်လုပ်ငန်းရှင်များ အသိုင်းအဝိုင်းမှ ကြားသိရသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
“နေပြည်တော်မှာလည်း ကုမ္ဗဏီမဏ္ဍပ်ကြီးများ ယခင်နှစ်ထက် နည်းပါး”  “နေပြည်တော်မှာလည်း ကုမ္ဗဏီမဏ္ဍပ်ကြီးများ ယခင်နှစ်ထက် နည်းပါး” Reviewed by THITHTOOLWIN on 20:07 Rating: 5
Powered by Blogger.