အိန္ဒိယ နိုင်ငံ ဘီဟာပြည်နယ်မှာ အရက်မရောင်းရ ဥပဒေ ထုတ်ပြန်


Update 7April 2016

လူဦးရေ သန်းပေါင်း၁၀၀ နေထိုင်နေတဲ့ အိန္ဒိယ နိုင်ငံ ဘီဟာ ပြည်နယ် မှာ အရက်မရောင်းရ ဥပဒေ စတင်ပြဌန်း လိုက်ကြောင်း သိရပါတယ်။ ပြည်နယ် အုပ်ချုပ်ရေးမှူး Nitish Kumar နတစ်ကူမာ က ရွေးကောက်ပွဲကာလမှာ သူကတိပေးခဲ့အတိုင်း စတင် အကောင်အထည် ဖေါ်လိုက်တာပါ။


အရက်ကြောင့် မိသားစု ဘ၀တွေပျက်ပြီး လူငယ်တွေက ပိုရိုင်းဆိုင်းလာတယ်။ အရက်ပြင်းတွေ က လူစိတ်ကို ထိမ်းမရတော့ပဲ မှုခင်းတွေ များလာပါတယ်။ ကျန်းမာရေးထိခိုက်ပြီး အချိန်မတိုင်ခင် သေဆုံးနေကြရလို့ 
ပြည်နယ် သားတွေက အရက်ပြင်းတွေ ရောင်းချခွင့်ကို ပိတ်ပင်ပေးဘို့  တောင်းဆိုခဲ့ပါတယ် ။

ယခုဥပဒေ အတည်ဖြစ်သွားခဲ့လို့  ဈေးဆိုင်တွေ - ဟော်တည် - နိုက်ကလပ်နဲ့ အရက်ပုန်းတွေ ရောင်းလို့ ရမှာ မဟုတ်တော့ကြောင်း India Time သတင်းမှာ ဖေါ်ပြထားပါတယ်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
အိန္ဒိယ နိုင်ငံ ဘီဟာပြည်နယ်မှာ အရက်မရောင်းရ ဥပဒေ ထုတ်ပြန်  အိန္ဒိယ နိုင်ငံ ဘီဟာပြည်နယ်မှာ အရက်မရောင်းရ ဥပဒေ ထုတ်ပြန် Reviewed by THITHTOOLWIN on 10:10 Rating: 5
Powered by Blogger.