အိုင်အက်စ်တို့က ပယ်လ်မီရာမြို့တွင် မိုင်းများ ထောင်နှင့်ချီ၍ ထောင်ထားခဲ့ဟုဆို


ပါမိုင်ရာ ဧပြီ ၃

ဆီရီးယားတပ်များ ပယ်လ်မီရာမြို့ကို ချီတက်တိုက်ခိုက် သိမ်းပိုက်ရာ လမ်းကြောင်းတစ်လျှောက် အိုင်အက်စ်စစ်သွေး ကြွများက ထောင်ပေါင်းများစွာသော မြေမြှုပ်မိုင်းများထောင်ထားခဲ့ကြောင်း ဂျီဟတ်တို့ထံမှ မြို့ကိုပြန်သိမ်းအပြီး ဆီးရီးယားအရာရှိတစ်ဦးက ရိုက်တာသို့ပြောသည်။

ပယ်လ်မီရာမြို့ အဓိကလမ်းမကြီးများနှင့် လမ်းဘေးများတွင် ၅ဝ ကီလိုဂရမ်အလေးချိန်ရှိ ဗုံးများထောင်ထားခဲ့ ကြောင်း၊ ရုရှားဂျက်လေယာဉ်များ၏ကျောထောက်နောက်ခံပြုလျက် ဆီးရီးယားအစိုးရတပ်များ ပြန်သိမ်းအပြီး ဗုံး အလုံး ၃ဝဝဝ ကျော်ကို ဖယ်ရှားရှင်းလင်းခဲ့ရကြောင်း ၄င်းကပြောသည်။

အဆိုပါမြို့ကိုမသိမ်းမီ အိုင်အက်စ်စစ်သွေးကြွများက မိုင်းများကို မည်သည့်အတွက်ကြောင့် ဖောက်ခွဲနိုင်စွမ်း မရှိခဲ့သည်ကို ၄င်းကပြောကြားခြင်းမရှိပေ။ စစ်သွေးကြွများအနေဖြင့် နှစ်ပေါင်း ၂ဝဝဝ သက်တမ်းရှိ ယင်းမြို့ကို ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့သည်ဟု ဆီးရီးယားရှေးဟောင်းအဖွဲ့မှပြောသည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အိုင်အက်စ်တို့က ပယ်လ်မီရာမြို့တွင် မိုင်းများ ထောင်နှင့်ချီ၍ ထောင်ထားခဲ့ဟုဆို  အိုင်အက်စ်တို့က ပယ်လ်မီရာမြို့တွင် မိုင်းများ ထောင်နှင့်ချီ၍ ထောင်ထားခဲ့ဟုဆို Reviewed by THITHTOOLWIN on 09:30 Rating: 5
Powered by Blogger.