ဘင်္ဂလားဒေ့ရှ်တွင် ကျောင်းသားတက်ကြွလှုပ်ရှားသူ ကန်ကျောက်ပစ်သတ်ခံရ


ဝါရှင်တန်ပို့စ်

နယူးဒေလီ၊ ဧပြီ-၇

ရဲတပ်ဖွဲ့က ဧပြီလ ၇ရက်နေ့က ပြောကြားချက်အရ မော်တော်ဆိုင်ကယ်စီးနင်းလာသည့် တိုက်ခိုက်သူ သုံးယောက်က ကျောင်းသားတစ်ယောက်အား ဘင်္ဂလားဒေ့ရှ်မြို့တော်တွင် သူငယ်ချင်းတစ်ယောက်နှင့် လမ်းလျှောက်နေစဉ် ကန်ကျောက်၍ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြသည်ဟု ဆိုသည်။

အစ္စလာမ်အစွန်းရောက်များက အနည်းဆုံး ဘလော့ဂါနှင့် စာအုပ်ထုတ်ဝေသူ ၅ယောက်ကို သတ်ဖြတ်ခဲ့သည့် ယမန်နှစ်က အလားတူတိုက်ခိုက်မှု တစ်သီတစ်တန်းကြီးနောက်တွင် ယခုကဲ့သို့ ဗုဒ္ဓဟူးနေ့ည သတ်ဖြတ်မှု ဖြစ်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

ဒါကာ ရဲတပ်ဖွဲ့ လက်ထောက်ကော်မရှင်နာ နုရူ အာမင်၏ပြောကြားချက်အရ ၂၈နှစ်အရွယ် နာဇီမက်ဒင်း ဆာမတ်မှာ မွတ်စလင်အများစုနေထိုင်သည့် နိုင်ငံတွင် ဘုရားမဲ့ဝါဒကို တွင်တွင်ပြောဆိုပြီး၊ ၁၉၇၁ခုနှစ်က ပါကစ္စတန်ကို ဆန့်ကျင်သည့် လွတ်လပ်ရေးစစ်ပွဲတွင် ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများအတွက် သေဒဏ်ပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုကို ထောက်ခံသည့်အတွက် ပစ်မှတ်ထားတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ရဲက သံသယရှိနေသည်ဟု ဆိုသည်။

အဆိုပါသတ်ဖြတ်မှုနှင့် ပတ်သက်၍ မည်သည့်အုပ်စုကမှ ၄င်းတို့၏လက်ချက်ဟု ပြောကြားလာခြင်းမရှိသေးပေ။

ဆိုင်ကယ်တစ်စီးတည်း စီးနင်းလာသည့် တိုက်ခိုက်သူများက တိုက်ခိုက်အပြီးတွင် “အာလာဟူ အက္ကဘာ” (သို့မဟုတ်) အာလာဟာ ကြီးမြတ်တယ်ဟု အော်ဟစ်ကာ ထွက်ပြေးလွတ်မြောက်သွားကြသည်ဟု ဆိုသည်။

ဆာမတ်၏ သူငယ်ချင်းများနှင့် အတန်းဖော်ကျောင်းသားများက ကြာသပတေးနေ့တွင် ဆာမတ် ဥပဒေပညာလေ့လာနေရာ နိုင်ငံပိုင် ဂျာဂန်နတ်တက္ကသိုလ်ကျောင်းဝင်းတွင် စုဝေးခဲ့ကြပြီး၊ တိုက်ခိုက်ခံရသည့် ညနေက ဆာမတ်မှာ အတန်းတက်ပြီး ပြန်လာချိန်ဖြစ်သည်ဟု ဆိုသည်။

“ဒါဟာ ကျနော်တို့အတွက် အလွန်ဝမ်းနည်းစရာပါ။ ဒီလိုခက်ခဲတဲ့အချိန်မှာ မိသားစုကို ထောက်ပံ့ဖို့ တတ်နိုင်သမျှ ကြိုးစားနေပါတယ်”ဟု တက္ကသိုလ် စည်းကမ်းထိန်းသိမ်းရေးအရာရှိ နာ မိုဟာမတ်က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ၏ အာဏာရ အာဝါမီအဖွဲ့ချုပ်ပါတီကို ထောက်ခံသူဖြစ်သည့် ဆာမတ်သည် အာဏာပိုင်များအား စစ်ရာဇ၀တ်ကောင်ဟု သံသယရှိသူများကို တရားစွဲနိုင်ရန် ကျယ်ပြန့်သော မူဘောင်တစ်ခုကို ဖန်တီးရေး အောင်မြင်စွာ တွန်းအားပေးသည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။

AM
china.com Myanmar
https://www.facebook.com/china.com.mm
ဘင်္ဂလားဒေ့ရှ်တွင် ကျောင်းသားတက်ကြွလှုပ်ရှားသူ ကန်ကျောက်ပစ်သတ်ခံရ  ဘင်္ဂလားဒေ့ရှ်တွင် ကျောင်းသားတက်ကြွလှုပ်ရှားသူ ကန်ကျောက်ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 17:52 Rating: 5
Powered by Blogger.