ပခုက္ကူမြို၌ ဆိုင်ကယ်ဖြင့်တိုက်၊ ဓားဖြင့်ခုတ်ခဲ့သည့် လူငယ်ခြောက်ဦးအား တိုင်တန်းမှုဖြစ်ပွား


ပခုက္ကူ ဧပြီ ၂၁

ပခုက္ကူမြို့ ရွှေကူဘုရားရှေ့တွင် သားဖြစ်သူအား ဆိုင်ကယ်ဖြင့်တိုက် ဓားဖြင့်ဝိုင်းခုတ်ခဲ့သော လူငယ်များအား ဖခင်ဖြစ်သူက တိုင်တန်းအမှုဖွင့်ခဲ့မှု ဧပြီ ၁၉ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၁၇ရက် ည ၇ နာရီက ဦးဌေး (၅၁နှစ်) သာယာကုန်းရွာ သရက်မြို့နယ်နေသူသည် ပခုက္ကူမြို့ စက်မှုဇုန် (၆) လမ်းFOCUS စားသောက်ဆိုင်တွင် အလုပ်လုပ်နေသည့် သားဖြစ်သူ ဇော်လင်းထွန်း (၂၃နှစ်) ဓားခုတ်ခံရ၍ ပခုက္ကူဆေးရုံတွင်ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ကြည့်ရှုပြီး ဖြစ်စဉ်အား မေးမြန်းခဲ့ရာ ဧပြီ ၁၆ရက် ည ၇ နာရီခန့်တွင် ဇော်လင်းထွန်းမှာ ၄င်း၏သူငယ်ချင်း ချမ်းမြေ့အောင်နှင့်အတူ ဆိုင်ကယ်ဖြင့် ထွက်လာ ရာ ရွှေကူဘုရားရှေ့ ဗိုလ်ချုပ်လမ်းပေါ်အရောက် နောက်မှ ဆိုင်ကယ်ငါးစီးဖြင့် လူငယ်ခြောက်ဦးက ဝင်တိုက်၍ ဆိုင်ကယ်လဲကျသွားစဉ် ၄င်းလူငယ်များက အသင့်ပါလာသော အရှည်တစ်တောင်ခန့်ရှိ ဓားရှည်များနှင့် ဝိုင်းခုတ်ရာ ဇော်လင်းထွန်းတွင် ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက်အရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဓားဖြင့်ခုတ်သူလူငယ်များအား စုံစမ်းဖော်ထုတ်အရေးယူပေးရန် ဧပြီ ၁၉ရက်တွင် ဦးဌေးက တရားလိုပြု တိုင်ကြားခဲ့သောကြောင့် ပခုက္ကူမြို့နယ် မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

ကျော်ဇေယျ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပခုက္ကူမြို၌ ဆိုင်ကယ်ဖြင့်တိုက်၊ ဓားဖြင့်ခုတ်ခဲ့သည့် လူငယ်ခြောက်ဦးအား တိုင်တန်းမှုဖြစ်ပွား  ပခုက္ကူမြို၌ ဆိုင်ကယ်ဖြင့်တိုက်၊ ဓားဖြင့်ခုတ်ခဲ့သည့် လူငယ်ခြောက်ဦးအား တိုင်တန်းမှုဖြစ်ပွား Reviewed by THITHTOOLWIN on 09:30 Rating: 5
Powered by Blogger.