တူးမိန့်ရပ်စဲမှာစိုးပြီး ကျောက်စိမ်း ကုမ္ပဏီတွေ အလွန်အကျွံ တူးဖေါ်

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာသယ်ကားတွေအသုံးပြုပြီး ကျောက်စိမ်းတူးဖော်လုပ်ကိုင်နေမှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်းကတွေ့ရစဉ်။ Photo: Kyaw Myo Min/ RFA
ခုတက်လာတဲ့အစိုးရသစ်က ကျောက်စိမ်းတူးဖော်ခွင့် ရုတ်တရက် ရပ်ဆိုင်းလိုက်ရင် ဆက်တူးနိုင်မှာမဟုတ်လို့  ကျောက်တွေဆက်ရှာနိုင်အောင် အရင်ကလို ကျောက်ရှာပြီးမှ မြေစာစွန့်တဲ့ စနစ်ကိုမလုပ်တော့ဘဲ ကုမ္ပဏီ ပိုင်ဝင်းတွေမှာပဲ ပုံထားတဲ့အတွက် ရေမဆေးကျောက်ရှာဖွေသူတွေ အလုပ်ရှားပါးနေပါတယ်။

အရင်ကလို ခုတူးခုကျောက်စိမ်းရှာရင် အချိန်ကြန့်ကြာနေမှာမို့ မြန်မြန်ဆန်ဆန်တူးနိုင်အောင် ဒီစနစ်ကျင့်သုံးတာ လို့ ဖားကန့်ဒေသခံ ဦးဇော်မိုးထက်က ပြောပါတယ်။

"ကုမ္ပဏီပိုင်ဝင်းအတွင်းမှာ ပုံတယ်ဆိုတာက တကယ်လို့ ဒီအစိုးရသစ်က ကျောက်စိမ်းတူးဖော်တာတွေ ရပ်လိုက်ရင် ကိုယ့်ဝင်းထဲမှာ မြေညှိသလိုလိုဘာလိုလိုနဲ့ ပြန်ရှာမလို့"

ဒါဟာ ကျောက်မရှာရသေးတဲ့ တူးပြီးသားမြေသားတွေကို စုဆောင်းထားတဲ့ သဘောမျိုးဖြစ်ပြီး အစိုးရသစ်တက်လာ ပြီးနောက်ပိုင်းမှာ  အချိန်ကုန်မခံနိုင်ဘဲ ၂၄ နာရီမပြတ် စက်ယန္တရားကြီးတွေသုံးပြီး   အလွန်အကျွံတူးဖေါ်လာနေ တာတွေ့ရတယ်လို့ ပြောပါတယ်။

စွန့်ပစ်မြေစာပုံတွေကိုလည်း အရင်ကလို အမြင့်ကြီးမပုံတော့တဲ့ အတွက်မြေစာပုံထပ်ပြိုတဲ့ သတင်းမကြားရတာ လို့လည်း မှတ်ချက်ပေးပါတယ်။

RFA Burmese
http://www.rfa.org/burmese
တူးမိန့်ရပ်စဲမှာစိုးပြီး ကျောက်စိမ်း ကုမ္ပဏီတွေ အလွန်အကျွံ တူးဖေါ်  တူးမိန့်ရပ်စဲမှာစိုးပြီး ကျောက်စိမ်း ကုမ္ပဏီတွေ အလွန်အကျွံ တူးဖေါ် Reviewed by THITHTOOLWIN on 08:38 Rating: 5
Powered by Blogger.