အနိမ့်ဆုံးလုပ်ခလစာ တစ်နာရီလျှင် ၁၅ ဒေါ်လာ ရရှိရန် ဟီလာရီကလင်တန် နှင့် ဆန်းဒါးစ်တို့ တိုက်တွန်းပြောကြား


ဝါရှင်တန် ၊ ၆-၄-၂၀၁၆

အမေရိကန် ပြည်ထောင်စု သမ္မတနေရာ အတွက် ယှဉ်ပြိုင် နေကြသော ဟီလာရီ ကလင်တန် နှင့် ဘာနီဆန်းဒါးစ် တို့က မဲဆွယ် စည်းရုံးရေးတွင် လုပ်အားခ မညီမျှမှုနှင့် ခက်ခဲသော အလုပ်အနေ အထားတို့ကို အလေးပေး ပြောဆို ခဲ့ကြသဖြင့် အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်နှင့် နယူးယောက်မြို့ တို့တွင် ဧပြီ ၄ ရက်က တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် တစ်နာရီလျှင် အမေရိကန် ဒေါ်လာ ၁၅ ဒေါ်လာ ခန့် လုပ်အားခ သတ်မှတ် ပေးသွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

တစ်နာရီလျှင် အမေရိကန် ဒေါ်လာ ၁၅ ဒေါ်လာဟူသော နှုန်းသည် အမေရိကန် တစ်နိုင်ငံလုံးတွင် အမြင့်ဆုံး အတိုင်းအတာ ဖြစ်ကြောင်း၊ လူချမ်းသာများ နှင့် အောက်ခြေ လူတန်းစားများ ကွာဟမှုကို လျှော့ချရန် အခြား ပြည်နယ်များ ကလည်း ပါဝင်လာ နိုင်ကြောင်း၊ သမ္မတ အိုဘားမား ကိုယ်တိုင် လိုလား မှုရှိသော်လည်း လွှတ်တော်က ဆုံး ဖြတ်ချက်ချရန် နှောင့်နှေး နေသေးကြောင်း၊ ယခု လုပ်ဆောင်ချက် သည် တစ်နိုင်ငံလုံးတွင် ညီမျှမှုများ ဖြစ်ပေါ်စေမည်ဟု ဟီလာရီ ကလင်တန် က ပြောကြားခဲ့သည်။


ယခု လှုပ်ရှားမှုသည် လုပ်ငန်းရှင် များကို ယခင်ကထက် ကုန်ကျမှုများစွာ ဖြစ်စေမည် ဖြစ်ကြောင်း စီးပွားရေးအုပ်စု များနှင့် ရီပတ်ဘလီကန် အဖွဲ့ဝင်များက သတိပေးပြော ကြားခဲ့ကြောင်း၊ ဥပဒေနည်း အရ၊ တွက်ချက်မှုများ အရ ကယ်လီဖိုးနီးယား ပြည်နယ်မှ စီးပွားရေး အခွန်ဆောင်သူ များက အစိုးရဝန်ထမ်း များအတွက် ယခင်ကထက် ဒေါ်လာ သန်းပေါင်း ၃၆ဝ ခန့် ပိုမို ကုန်ကျမည် ဖြစ်သည်။ အသေးစား လုပ်ငန်းလုပ် ဆောင်နေသူ များအတွက် ယင်း ဆုံးဖြတ်ချက်၏ သက်ရောက်မှုမှာ ဆိုးရွားမည် ဖြစ်ကြောင်း၊ ကယ်လီဖိုးနီးယား ပြည်နယ် အတွင်းမှ လုပ်ငန်းရှင်များ၏ သဘောထား များကို လျစ်လျူရှု လိုက်ခြင်းက ဆက်ခရာမန်တို မြို့တော်ကို ပျက်စီးစေရန် အကြောင်းရင်း တစ်ခု ဖြစ်လာနိုင်ကြောင်း ရီပတ်ဘလီကန် များက ပြောကြားခဲ့သည်။

နယူးယောက် ပြည်နယ်တွင် ယခု လတ်တလော၌ အနိမ့်ဆုံးဝင်ငွေမှာ တစ်နာရီလျှင် ၉ ဒေါ်လာ ဖြစ်ပြီး တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် အနိမ့်ဆုံး ဝင်ငွေကို ၁၅ ဒေါ်လာသို့ တိုးမြှင့်မည် ဆိုပါက ငွေကြေး ဖောင်းပွမှုများ အနည်းနှင့်အများ ရှိလာမည်မှာ သေချာကြောင်း နိုင်ငံရေး လေ့ လာ စောင့်ကြည့် သူ များ က သုံးသပ် ထားကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
အနိမ့်ဆုံးလုပ်ခလစာ တစ်နာရီလျှင် ၁၅ ဒေါ်လာ ရရှိရန် ဟီလာရီကလင်တန် နှင့် ဆန်းဒါးစ်တို့ တိုက်တွန်းပြောကြား  အနိမ့်ဆုံးလုပ်ခလစာ တစ်နာရီလျှင် ၁၅ ဒေါ်လာ ရရှိရန် ဟီလာရီကလင်တန် နှင့် ဆန်းဒါးစ်တို့ တိုက်တွန်းပြောကြား Reviewed by THITHTOOLWIN on 16:24 Rating: 5
Powered by Blogger.