ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ ကျင်းပ


မြစ်ကြီးနား ဧပြီ ၁၂

မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်း အနားကို ယနေ့ (တခူးလဆန်း-၉ရက်) သင်္ကြန် အကြိုနေ့ ညနေ(၄)နာရီတွင် မြစ်ကြီးနားမြို့ မြန်မာ့ ရိုးရာ ယဉ်ကျေးမှုမ ဟာ သင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော်ကို ဖွင့်လှစ်လိုက်ကြောင်း ကြေငြာပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးနေ၀င်းနှင့် လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်တို့ က မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးတူးဂျာနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ သည် သင်္ကြန်မိုး တေးသီချင်းဖြင့် ကပြဖျော်ဖြေလျက်ရှိသည့် ယိန်းအဖွဲ့များအား နံသာရည်များပျက်ဖြန်း ပေးကြပြီး မြန်မာ့ရိုးရာ သင်္ကြန်တေးသီချင်းများနှင့် ယိမ်းအဖွဲ့များ၏ အကအလှများ၊ နာမည်ကျော် တေးသံ ရှင်တို့၏ ခေတ်ပေါ် တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများစုပေါင်း သင်္ကြန် မဏ္ဍပ်ဖြစ်သည့် မနောဧကရီသင်္ကြန်မဏ္ဍပ်ကို ရောက်ရှိပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်း နှင့်စီးပွားရေးဝန်ကြီးဦးဝေလင်း၊ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဦးဝင်းညွန့် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တေးသံရှင် များ၏ သီဆိုဖျော်ဖြေမှု၊ သင်္ကြန်တေးသီချင်းများဖြင့် ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုတို့ကို ကြည့်ရှု အားပေးကြသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနား သို့ ပြည်နယ်အဆင့်ဌာန ဆိုင်ရာ အကြီးအကဲများ၊ စစ်မှုထမ်းဟောင်းများ၊
ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့ပေါ် ရှိဒေသခံပြည် သူများတက်ရောက်ခဲ့ကြသည်။

ပြည်နယ်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ ကျင်းပ  ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ ကျင်းပ Reviewed by THITHTOOLWIN on 21:12 Rating: 5
Powered by Blogger.