ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂတို့ တွေ့ဆုံ


ဧပြီ ၄ ရက်

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂတို့ သည် ဧပြီ ၄ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ် ရုံးခန်းတွင် တွေ့ ဆုံခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့တွေ့ ဆုံရာတွင် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ မှ ဥက္ကဋ္ဌ ကိုမင်းသုခ ၊ ဘဏ္ဍာရေးတာဝန်ခံ ကိုပြည့်ဖြိုးမောင်တို့ ပါဝင်ခဲ့ပြီး ဒဂုံတက္ကသိုလ်ရှိ ကန်တင်းစားသောက်ကုန်များ ဈေးမြင့်မားနေမူအပေါ် ဆွေးနွေးခဲ့သည် ။

ဝန်ကြီးချုပ် က ပြန်လည်ဆွေးနွေးရာတွင် ကျောင်းသား၊သူများ စားသောက်ကုန်ဈေးနူန်း မြင့်မားနေမူကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း ယခုနှစ်အတွက် တက္ကသိုလ်ရှိ စားသောက်ဆိုင် ခန်း ငှါးရမ်းမူစနစ်ကို ကျောင်းသား၊ သူများ ၊ ကန်တင်းပိုင်ရှင်များ၏ ဆန္ဒ အတိုင်း အမြန်ဆုံးပြုပြင်ပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 လေလံစနစ်နှင့်ပက်သက်ပြီး ဖြေရှင်းချက်ပေးရန် ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှဌေး နှင့် အဆည တာဝန်ရှိသူများကို ခေါ်ယူထားသည်ဟု ၄င်းကထပ်မံပြောဆိုကြောင်း သတင်းရရှိသည်။

Photo- ဦးဖြိုးမင်းသိန်း
The Street View
https://www.facebook.com/The-Street-View
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂတို့ တွေ့ဆုံ   ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂတို့ တွေ့ဆုံ Reviewed by THITHTOOLWIN on 17:53 Rating: 5
Powered by Blogger.