ကားဘရိတ်ပေါက်ပြီး ယာဉ်တိုက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ


လွိုင်ကော်-ဖားဆောင်း ကုန်တင်လာသည့်လိုင်းကား ဘရိတ်ပေါက်ရာမှ ဆိုင်ကယ်တစ်စီးဖြင့် မျက်နှာချင်းဆိုင်တိုက်မိရာ ပွဲချင်းပြီးသေဆုံးသွားသည့်ဖြစ်ရပ် ယနေ့မွန်းလွဲပိုင်တွင် ဘောလခဲမြို့နယ်၌ ဖြစ်ပွားခဲ့သည်။

သန်မြန်သူ (ဖားဆောင်း-လွိုင်ကော်) ယာဉ်လိုင်း ခရီးသည်တင်ကားသည် ဧပြီ ၂၉ မွန်းလွဲ ၂း၃၀ အချိန်တွင် လွိုင်ကော်မှ ဖားဆောင်းသို့ ကုန်ပစ္စည်းများတင်ဆောင်လာစဉ် ဘောလခဲမြို့နယ် မယ်စလောင်းတောင်အဆင်း မိုင်တိုင်အမှတ် ၁၄၉/၃ နှင့် ၁၄၉/၄ အကြား ဘောလခဲမြို့နှင့် ၅မိုင်ခန့်အကွာတွင် ကားဘရိတ်ပေါက်၍ ဘောလခဲမြို့မှ ရေခဲချောင်းရောင်း၍ လွိုင်ကော်မြို့သို့ ပြန်လာသည့် ဦးထွန်းနိုင် အသက်(၄၀) ခန့် မောင်းနှင်လာသည့် (Kenbo 110 )အမျိုးအစား (၃၆ယ ၉၂၁၇၃) မော်တော်ဆိုင်ကယ်အား တိုက်မိသဖြင့် ဦးထွန်းနိုင်သည် တိုက်မိသည့်နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့သည်။

ယာဉ်နောက်လိုက် မောင်းတူး အဘ ဦးမြတ်ကြိုင် အသက်(၁၇) လွိုင်ကော်မြို့ (ဧက၅၀၀) နေသူ ယာဉ်တိမ်းမှောက်စဉ် ယာဖက်ဝမ်းဗိုက် အူပွင့် ဒဏ်ရာတစ်ချက်၊ ဝဲဖက်တင်ပါး ပွန်းပဲ့ ဒဏ်ရာတစ်ချက်၊ ညာဒူ ပွန်းပဲ့ဒဏ်ရာ တစ်ချက်ရရှိခဲ့သည်။

စိုးရိမ်ရသဖြင့် လွိုင်ကော်ပြည်သူ့ဆေးရုံသို့ ဘောလခဲ ဆေးရုံမှလွဲပြောင်း ကုသမှုခံယူရန်ပို့ဆောင်ခဲ့သည်။

ယာဉ်မောင်းသူမှာ ပြည့်ဖြိုးအောင် အသက်၂၆ (ဘ)ဦးသန်းစိုး
လွိုင်ကော်မြို့၊နမ့်ဘော်ဝမ်ကျေးရွာနေဖြစ်ပြီး နစ်ဆန်းအမျိုးအစား ယာဉ်အမှတ် ၂ခ/ ၇၃၇၅ ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကို ဘောလခဲမြို့မ ရဲစခန် ဒုရဲမှူး ဦးစိုးလွင်မှ (ပ)အမှတ် ယာဉ် ၁/၂၀၁၆ ပြစ်မူဆိုင်ရာ ဥပဒေပုဒ်မ ၂၇၉/၃၃၈/၃၀၄ (က) စခန်းမှူးမှ တရာလို ပြုလုပ်တိုင်တန်းပြီး အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိသည်။

စိုင်းလင်းလင်းဦး
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
ကားဘရိတ်ပေါက်ပြီး ယာဉ်တိုက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ ကားဘရိတ်ပေါက်ပြီး ယာဉ်တိုက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 20:21 Rating: 5
Powered by Blogger.