လေပြင်းတိုက်ခတ်မှုကြောင့် ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် ကျခတ်ရွာတွင် ဘုရား(၂)ဆူ ထီးတော်မြေခ သာသနိကအဆောက်အဦးနှင့် လူနေအိမ်အချို့ ပျက်စီး


ဒီပဲယင်း၊ ဧပြီ(၂၂)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်တွင် ဧပြီလ(၂၁) ရက်နေ့ ညနေ(၅) နာရီခွဲ အချိန်ခန့်က မိုးနှင့်အတူ လေပြင်းများ ရုတ်တရက် တိုက်ခတ်မှုကြောင့် ဘုရားစေတီအချို့ ထီးတော်မြေခပြီး သာသနိက အဆောက်အဦးနှင့် လူနေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကျခတ်ကျေးရွာ ရှိ စေတီ(၂) ဆူ ထီးတော်မြေခခဲ့ခြင်း၊ ယွန်းကျောင်းတိုက် ပင်မကျောင်းဆောင် မှ ဒိုင်းနှင့် သွပ်မိုးများ လန်ပြီး (၈)ပေသွပ် (၂၂၇)ချပ် ပျက်စီးခြင်း၊ အလားတူ မနောရမ္မံကျောင်းတိုက်အတွင်းရှိ ဆွမ်းစားကျောင်းဆောင်၏ ဒိုင်းနှင့် သွပ်မိုးများ လန်ပြီး (၈)ပေသွပ် (၅၉)ချပ် ပျက်စီးခြင်း၊ လူနေအိမ်(၅)လုံး အမိုးလန်ပြီး တစ်လုံး ကုက္ကိုပင်ပိ ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။


ထို့အပြင် အဆိုပါ ကျခတ်ကျေးရွာအုပ်စု ကျခတ်ကျေးရွာ စာကြည့်တိုက်ရှေ့ရှိ မန်ကျီးပင် ပြိုလဲမှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်နေရာသို့ မြို့နယ်စီမံခန့်ခွဲ မှုကော်မတီ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ပြန်/ဆက် ဦးစီးဌာနမှ ၀န်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများ ပူးပေါင်းပြီး အပျက်အစီးများအား ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်းနှင့် ယင်းဖြစ်စဉ်များကြောင့် ကျေးရွာ စာကြည့်တိုက် အဆောက်အဦးနှင့် လူ၊
တိရ စ္ဆာန် ထိခိုက်မှု မရှိကြောင်းသိရသည်။

အလားတူ ဒီပဲယင်းမြို့နယ်ရှိ အုန်းတပင်ကျေးရွာ စာသင်ကျောင်းမှ အခန်း တစ်ခန်းနှင့် လူနေအိမ်(၄)လုံး၊ မင်းဆွေနှစ်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးနှင့် လူနေအိမ်(၈)လုံး၊ တနယ်ကြီးကုန်းကျေးရွာ ရှိ စာသင်ကျောင်းမှ စာသင်ဆောင်အချို့နှင့် လူနေအိမ်(၁၃)လုံး အမိုးဒိုင်းနှင့် သွပ်ချပ်များ အသီးသီးလွင့်ထွက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

(တိုင်းဒေသကြီးပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
လေပြင်းတိုက်ခတ်မှုကြောင့် ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် ကျခတ်ရွာတွင် ဘုရား(၂)ဆူ ထီးတော်မြေခ သာသနိကအဆောက်အဦးနှင့် လူနေအိမ်အချို့ ပျက်စီး  လေပြင်းတိုက်ခတ်မှုကြောင့် ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် ကျခတ်ရွာတွင် ဘုရား(၂)ဆူ ထီးတော်မြေခ သာသနိကအဆောက်အဦးနှင့် လူနေအိမ်အချို့ ပျက်စီး Reviewed by THITHTOOLWIN on 16:29 Rating: 5
Powered by Blogger.