“မေလတွင် မန္တလေးနေ့အပူချိန်များ ၂၀၁၀ စံချိန်တင်အမှတ်သို့ နီးကပ်ဖွယ်ရှိ”


အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဒေသ ၁၁ ခုတွင် နေ့အပူချိန်များ စံချိန်တင်ခဲ့ရာ မန္တလေးမြို့တွင် မေလ၌ ၂၀၁၀ ခုနှစ်က စံချိန်တင်ခဲ့သည့် နေ့အပူချိန်သို့ နီးကပ်ဖွယ်ရှိကြောင်း မိုး/ဇလ (မန္တလေး) အထက်မြန်မာပြည်ညွန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။

“မန္တလေးတိုင်းအတွင်း တချို့ဒေသတွေမှာ စံချိန်တင်အပူချိန် ရောက်ခဲ့တာရှိတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းမှာ မေ ၂၀ ရက်ကျော်ရင် မုတ်သုန်လေ၀င်ရောက်ဖို့ အလားအလာရှိနေပေမယ့် ဒီရက်အတွင်းမှာ ၄၅ နားလေး ရောက်နိုင်တဲ့ အခြေအနေရှိတယ်”ဟု ၄င်းက ပြောသည်။

မန္တလေးမြို့၏ နေ့အပူချိန်မှတ်တမ်းများအရ ၂၀၁၀ ခုနှစ်က ၄၅ ဒီဂရီစင်တီဂရိတ်ဖြင့် အမြင့်ဆုံးစံချိန်တင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၄၀.၇ ဒီဂရီစင်တီဂရိတ်၊ ၂၀၁၂ တွင် ၄၂.၅ ဒီဂရီ စင်တီဂရိတ်၊ ၂၀၁၃ တွင် ၄၃.၇ ဒီဂရီစင်တီဂရိတ်၊ ၂၀၁၄ တွင် ၄၂ ဒီဂရီစင်တီဂရိတ်၊ ၂၀၁၅ တွင် ၄၂ ဒီဂရီစင်တီဂရိတ်ခန့်ရှိကြောင်း သိရသည်။

“ပြီးခဲ့တဲ့နေ့တွေမှာ မိုးတိမ်တောင်တွေရှိတော့ မိုးရွာခဲ့တယ်။ မိုးကလည်း မနက်ပိုင်းပူလိုက် ညနေပိုင်းမှာ ရွာလိုက်ပေါ့။ မိုးမရွာရင် အပူချိန်က မြင့်မှုာပဲ။ ဧပြီ၊ မေလ တွေက နေသွားလမ်းကြောင်းဖြတ်တဲ့အပေါ်မှာ မြန်မာနိုင်ငံကရှိနေလို့ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ အပူဆုံးအချိန်တွေပါ”ဟု မိုးဇလ (မန္တလေး) လက်ထောက်ညွန်ကြားရေးမှူး ဦးသန်းဇော်က ပြောသည်။

ခိုင်ဆက်ဝေ
https://www.facebook.com/NewsWatchJournal
“မေလတွင် မန္တလေးနေ့အပူချိန်များ ၂၀၁၀ စံချိန်တင်အမှတ်သို့ နီးကပ်ဖွယ်ရှိ” “မေလတွင် မန္တလေးနေ့အပူချိန်များ ၂၀၁၀ စံချိန်တင်အမှတ်သို့ နီးကပ်ဖွယ်ရှိ” Reviewed by THITHTOOLWIN on 16:09 Rating: 5
Powered by Blogger.