မုံရွာမှာ လင်မယား စကားများရာက မိန်းမနဲ့ ခယ်မကို ဓာတ်ဆီလောင်းမီးရှို့ မှုဖြစ်ပွား


ဧပြီလ ၂ ရက် ၂၀၁၆

မုံရွာမြို့ ရွှေဇလုပ်ရပ်ကွက်ယနေ့ နံနက် 7:00အချိန်တွင် လင်မယား စကားများရာက ယောကျာ်းဖြစ်သူမှ မိန်းမနဲ့ ခယ်မကိုမီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

မိန်းမဖြစ်သူမှာစိုးရိမ်ရပြီး ခယ်မဖြစ်သူမှာ အနည်းငယ်သာလောင် ကျွမ်းခံရပါတယ်။


မီးရှို့ခံရသူ မအေးသက် အား ခင်ပွန်းဖြစ်သူမှ မအေးသက်၏ မိခင် ဒေါ်ချိုမာလွင် နေအိမ်အထိလိုက်လာပြီး အသင့်ပါလာသော ဓာတ်ဆီဘူးနဲ့ ပက်ဖြန်းရှို့ချိန်တွင် ခယ်မဖြစ်သူ မအေးပုထက်မှ ဝင်ရောက်ဆွဲရာတွင် ကူးစက်လောင်ခဲ့ခြင်းဖြစ်ပါတယ်။


ခင်ပွန်း ဖြစ်သူအား မုံရွာမြို့အမှတ် (၂) ရဲစခန်းမှ ထိန်းသိမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

နန်းကေခိုင်
Credit Photo-Kaung Lay


မုံရွာမှာ လင်မယား စကားများရာက မိန်းမနဲ့ ခယ်မကို ဓာတ်ဆီလောင်းမီးရှို့ မှုဖြစ်ပွား  မုံရွာမှာ လင်မယား စကားများရာက မိန်းမနဲ့ ခယ်မကို ဓာတ်ဆီလောင်းမီးရှို့ မှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:46 Rating: 5
Powered by Blogger.