ကြည့်မြင်တိုင် ဓားပြတိုက် ၊ ဓားစာခံခေါ်ဆောင်မှု၊ ရဲမှူးစိုးသင် (ကြည့်မြင်တိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး) ရဲ့ ပြောကြားချက်

အခင်းဖြစ်ပွားစဉ် ရိုက်ကူးထားသောဓါတ်ပုံ
ရဲမှူးစိုးသင် (ကြည့်မြင်တိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး) ရဲ့ ပြောကြားချက်

ယနေ့ နံနက်ပိုင်း ကြည်မြင်တိုင်မြို့နယ်မှာ ဓားပြတိုက် ၊ ဓားစာခံခေါ်ဆောင်မှုဖြစ်
နောက်ဆက်တွဲ

"ဒေါက်တာရွှေပြည်နဲ့မိသားစုက ရေကူးကန်ကနေပြန်လာတယ်ပေါ့။ကလေးရေကူးပြီးတော့။အဲဒီချိန်မှာ ကလေးကဒုတိယထပ်ကို တက်ပြီး သနပ်ခါး လိမ်းဖို့လုပ်တဲ့အချိန်မှာ အိမ်ထဲရောက်နေတဲ့ အသက်(၂၀)လောက် ၊ ကတုံးဆံပင်နဲ့လူက ကလေးကို ချုပ်ပြီး ခေါ်တယ်။အသံကြားလို့ ကလေးအမေကတက်သွားတဲ့အချိန်မှာ ကလေးကိုဓားထောက် ထားတာတွေ့ရတာပေါ့။ အဲဒီအချိန်မှာ ပိုက်ဆံသိန်း(၅၀)တောင်းတယ်။ သူ့အမေကလည်းပေးလိုက်တယ်။ အဲဒီအချိန်မှာ သူ့ကို ပြန်ပြီး ထွက်လို့ရအောင်လုပ်ပေးပါလို့ပြောတော့၊ ကလေးရဲ့ အဖေကအောက် ထပ်မှာရှိတဲ့ကားကိုထုတ်တယ်ပေါ့ ၊ အဲ့လူနဲ့ကလေး ကနောက်ခန်းမှာ ကလေးအဖေကရှေ့ကနေမောင်းတာပေါ့။ အဲဒီအချိန်မှာ ရုတ်ရုတ်နဲ့ရပ်ကွက်ကလည်းသိသွားတယ်။ ရဲကိုအကြောင်းကြားတော့ ရဲကလည်းရောက်လာတယ်။ ဆရာကသူ့ကလေးကို အသက်အန္တရာယ် ကိုစိုးရိမ်တယ်။ ရဲကတော့ဇွတ်တားတာပေါ့။ တရားခံကို ဖမ်းဆီးဖို့ကြိုးစား တာပေါ့။ဆရာကလည်း ကလေးရဲ့ အသက်အန္တရာယ်ကို စိတ်ပူတော့ ဇွတ်မောင်းပြီးထွက်သွားတာပေါ့။ အဲဒါနဲ့ တရားခံလိုက်ပို့ခိုင်းတဲ့ ဟံသာဝတီဘူတာနားမှာချပေးလိုက်ရတာပေါ့။ ပထမကတော့ တရားခံက လှိုင်သာယာကို ပို့ခိုင်းတာပေါ့။ ပုဒ်မကတော့ (၃၉၂)နဲ့ ဖွင့်ဖို့ စီစဉ်ထားပါတယ်။

အမြန်ဆုံးဖမ်းဆီးရမိရေးဆောင်ရွက်သွားပါမယ်။"

5 Plus News
https://www.facebook.com/5-Plus-News
ကြည့်မြင်တိုင် ဓားပြတိုက် ၊ ဓားစာခံခေါ်ဆောင်မှု၊ ရဲမှူးစိုးသင် (ကြည့်မြင်တိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး) ရဲ့ ပြောကြားချက် ကြည့်မြင်တိုင် ဓားပြတိုက် ၊ ဓားစာခံခေါ်ဆောင်မှု၊ ရဲမှူးစိုးသင် (ကြည့်မြင်တိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး) ရဲ့ ပြောကြားချက် Reviewed by THITHTOOLWIN on 17:20 Rating: 5
Powered by Blogger.