ဆင်နှာမောင်းခြောက်၊ ဆင်သားရေ၊ ကျားမင်း/ကြောင်ဝန် ခေါင်းနှင့်အရိုး၊ ဂျီသားရေများ ဖမ်းမိ





ဧပြီ ၂၆ ရက် ဒီနေ့ နေ့လည် ၂နာရီကျော်လောက် မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့ မင်းဘူးအဝင် မောင်းတန်ဂိတ်အကျော်မှာ Hijetယာဉ်ကို မသင်္ကာလို့ မြန်မာနိုင်ငံရဲ၊ ဘေးမဲ့တော၊ သစ်တော ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့ရာ ဆင်နှာမောင်းခြောက် ၃၆တုံး(၅)ပိဿာ၊    ဆင်သားရေ ၁၉၆ချပ် (၄၆)ပိဿာ    ၊ ကျားမင်း/ကြောင်ဝန် ခေါင်းနှင့်အရိုး၎ခု(၄၅)ကျပ်သား၊ ဂျီသားရေ(၅၁)ချပ်၊ သစ်ခွပန်းရိုး ၅အိတ်(၄၀)ပိဿာ    တို့ကို တရားခံမြင့်သိန်း(ငဖဲ)၊ ချစ်ထွန်း(မိတ္ထီလာ)တို့နဲ့ ဖမ်းဆီးရမိပါတယ်။

ကနဦး စစ်ဆေးချက်အရ ငဖဲမှာ ဝယ်ယူစုဆောင်းပြီး မန္တလေး ၃၁လမ်းက ဒိုင်တွေဆီ သွားရောင်းမှာဖြစ်ပါတယ်။

တရားခံတွေကို Wildlife act sec ၃၇(က)၊(ခ)တို့နဲ့ တရားစွဲဆို သွားမှာဖြစ်ပါတယ်။

သတင်း - ဓါတ်ပုံ ။ ။ ကိုအေးချို (fb)
by သစ်ထူးလွင်




ဆင်နှာမောင်းခြောက်၊ ဆင်သားရေ၊ ကျားမင်း/ကြောင်ဝန် ခေါင်းနှင့်အရိုး၊ ဂျီသားရေများ ဖမ်းမိ  ဆင်နှာမောင်းခြောက်၊ ဆင်သားရေ၊ ကျားမင်း/ကြောင်ဝန် ခေါင်းနှင့်အရိုး၊ ဂျီသားရေများ ဖမ်းမိ Reviewed by THITHTOOLWIN on 17:46 Rating: 5
Powered by Blogger.