တီးတိန်မြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးသီးများရွာသွန်း


တီးတိန် ဧပြီ ၂၂

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ဧပြီ(၂၂)ရက်နေ့ နံနက် ၁ နာရီ (၃၀) မိနစ် ခန့် အချိန်မှစ၍ လေပြင်း တိုက်ခတ်မှုနှင့် မိုးသီးများ သည်းထန်စွာ ရွာသွန်း မှုကြောင့် ဘွင်လီကျေးရွာတွင် မူလွန်ကျောင်း၊ လူနေအိမ် (၃)လုံး၊ အမိုး သွပ်ပြား(၂၈)ချပ် ပျက်စီးပြီး လိုင်လီးကျေးရွာတွင် မူလတန်းကျောင်း၊ ကျေး လက် ဆေးပေးခန်း၊ လူနေ အိမ်(၇၂)လုံး၊ အမိုး သွပ်ပြား (၃၃၀၇)ချပ် ပျက်စီး ခဲ့ကြောင်း သိရှိရပါသည်။

တီးတိန်မြို့ လေးလုမ်းရပ်ကွက်တွင် လူနေအိမ်(၁)လုံး၊ အမိုးသွပ်ပြား(၂၀)ချပ် ပျက်စီးပြီး လိုင်ဘုံအုပ်စု အာလွယ် ကျေးရွာတွင် လူနေအိမ်(၁၂)လုံး၊ အမိုး သွပ်ပြား (၂၈၀)ချပ် ပျက်စီးကာ ဖူနွမ်းကျေးရွာတွင် အိမ်ခြေ (၅၁)အိမ် ၏ တောင်ယာ စိုက်ခင်းများနှင့် ခြံမြေများရှိ သီးနှံအမျိုးမျိုး(၇၅)ဧက ပျက်စီး သွားကြောင်း သတင်းရရှိသည်။

(တီးတိန် မြို့နယ်/ပြန်ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
တီးတိန်မြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးသီးများရွာသွန်း  တီးတိန်မြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးသီးများရွာသွန်း Reviewed by THITHTOOLWIN on 20:29 Rating: 5
Powered by Blogger.