ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် အစိုးရတပ်နှင့် အဘူ ဆာရပ်ဖ် စစ်သွေးကြွအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုကြောင့် စစ်သား ၁၈ ဦးနှင့် စစ်သွေးကြွ ၅ ဦးသေဆုံး


အဘူဆာရပ်ဖ် စစ်သွေးကြွအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားနေသည့် အစိုးရစစ်တပ်မှ စစ်သားများအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)
    မနီလာ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

    ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၌ ဧပြီလ ၈ ရက်က အစိုးရတပ်နှင့် အဘူ ဆာရပ်ဖ် (Abu Sayyaf) စစ်သွေးကြွ အဖွဲ့တို့အကြား သေနတ် အပြန်အလှန် ပစ်ခတ်မှုကြောင့် အစိုးရတပ်မှ စစ်သား ၁၈ ဦးနှင့် စစ်သွေးကြွ ၅ ဦး သေဆုံးခဲ့ကြောင်း စစ်တပ်ဘက်က ဧပြီလ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ထိုပြင်းထန်လှသည့်  တိုက်ပွဲကြောင့် စစ်သား ၅၃ ဦးနှင့် စစ်သွေးကြွ ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံ အနောက်ပိုင်း Mindanao ကျွန်းရှိ စစ်တပ်ကွပ်ကဲရေးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဖီလ်မွန် တန် ( Filemon Tan) က ပြောခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Basilan ရှိ Tipo-tipo မြို့၊ Baguindano ကျေးရွာတွင် ဧပြီလ ၈ ရက် အစိုးရစစ်တပ်နှင့် အဘူ ဆာရပ်ဖ် စစ်သွေးကြွ ၁၂၀ ဦးတို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲမှာ ဒေသစံတော်ချိန် နံနက် ၇း၅၅ နာရီအချိန်မှ ညနေ ၅း၃၀ နာရီအချိန်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်သွေးကြွများနှင့် ဖြစ်ပွားခဲ့သည့် ရင်ဆိုင်တိုက်ပွဲ အသေးစိတ်အကြောင်းအရာများအား ပြောကြားရန် တန်က ငြင်းဆိုထားပြီး သတင်းထုတ်ပြန်ချက်တွင် အသေးစိတ်ပြောကြားရန် စီစဉ်ထားကြောင်း ပြောသည်။
၁၉၉၀ ခုနှစ် အစောပိုင်းကတည်းက ၎င်းနေရာများ၌ အဘူ ဆာရပ်ဖ်အဖွဲ့ဝင် ၄၀၀ ခန့် အခိုင်အမာရှိနေပြီး ဖိ လစ်ပိုင်တောင်ပိုင်း တွင် ပြန်ပေးဆွဲခြင်း၊ ဗုံးဖောက်ခွဲခြင်းနှင့် ခေါင်းဖြတ် ကွပ်မျက်ခြင်း စသည့်အကြမ်းဖက်လုပ် ရပ်များအား ဆယ်စုနှစ်ကျော်ကြာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် အစိုးရတပ်နှင့် အဘူ ဆာရပ်ဖ် စစ်သွေးကြွအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုကြောင့် စစ်သား ၁၈ ဦးနှင့် စစ်သွေးကြွ ၅ ဦးသေဆုံး  ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် အစိုးရတပ်နှင့် အဘူ ဆာရပ်ဖ် စစ်သွေးကြွအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုကြောင့် စစ်သား ၁၈ ဦးနှင့် စစ်သွေးကြွ ၅ ဦးသေဆုံး Reviewed by THITHTOOLWIN on 17:25 Rating: 5
Powered by Blogger.