သင်္ကြန်အကြိုနေ့ ကျင်းပကြ

၂၀၁၂ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ ရန်ကုန် သင်္ကြန် (Credit: ABC) 
မြန်မာနိုင်ငံမှာ ​သင်္ကြန်အကြိုနေ့ကို ​မြန်မာနိုင်ငံ ​အနှံ့မှာ ​စတင် ​ကျင်းပနေကြပြီ ​ဖြစ်ပါတယ်။

နေပြည်တော်က ​သမ္မတ ​အိမ်တော်မှာလည်း ​သင်္ကြန်အကြိုနေ့ ​ကျင်းပနေကြပြီး ​ဒုသမ္မတတွေ၊ ​လွှတ်တော် ​နာယကတွေနဲ့ ​အနုပညာရှင်တွေလည်း ​တက်ရောက်ကြတာကို ​တွေ့ခဲ့ရပါတယ်။

မန္တလေးမြို့မှာလည်း ​ရေပက်ခံမယ့် ​ကားတွေက ​မဟာမြတ်မုနိဘုရားကြီးနဲ့ ​မန္တလေးတောင်ခြေရှိ ​ဘိုဘိုကြီးနတ်နန်းတို့ကို ​အန္တရာယ်ကင်းဘေးရှင်းစွာ ​ရေပက်ကစားနိုင်ဖို့အတွက် ​အရိုအသေပေးခဲ့ကြတာကို ​ဖေ့စ်ဘွတ်မှာ ​တွေ့ရပါတယ်။

ရန်ကုန်မြို့မှာလည်း ​သင်္ကြန်ဖွင့်ပွဲတွေကို ​ကျင်းပပြီး ​ရန်ကုန်မြို့ ​မဟာသင်္ကြန် ​ဗဟိုမဏ္ဍပ်မှာတော့ ​ ဘာအတားအဆီးမှ ​ချမထားပဲ ​အများပြည်သူ ​လွတ်လပ်စွာ ​ကြည့်ရှုခွင့်ပေးထားတယ်လို့ ​သိရပါတယ်။

ရန်ကုန်မြို့မှာ ​စီးပွားဖြစ် ​မဏ္ဍတွေ ​တည်ဆောက်ခွင့်မပေးသလို ​ကန်ပတ်လမ်းတလျှောက်မှာလည်း ​မိသားစု ​မဏ္ဍကိုသာ ​ဆောက်ခွင့်ပေးတာကြောင့် ​ဒီနှစ် ​သင်္ကြန်စည်ကားမှာ ​မဟုတ်ဘူးဆိုပြီး ​ပြောဆိုမှုတွေလည်း ​ရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ ​အတိုင်ပင်ခံ ​ပုဂ္ဂိုလ်ဖြစ်တဲ့ ​ဒေါ်အောင်ဆန်းစုကြည်က ​နှစ်သစ်ကူး ​ဆုတောင်းအနေနဲ့ ​ပြည်သူ ​ပြည်သားတွေ ​အရည်အချင်း ​ပြည့်ဝပြီး ​ကိုယ့်ရဲ့ ​တာဝန်ကို ​သိပြီး ​လုပ်ရဲ ​ကိုင်ရဲ ​ရှိပါစေလို့ ​ဆုမွန်ကောင်း ​တောင်းလိုက်ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ ​နိုင်ငံသူ ​နိုင်ငံသားက ​အဓိကဖြစ်တဲ့အတွက် ​မြန်မာနိုင်ငံသားတွေ ​ကောင်းမွန်စွာ ​တွေးခေါ် ​လုပ်ဆောင်နိုင်ဖို့ ​ဒေါ်အောင်ဆန်းစုကြည်က ​ဆုတောင်းပေးတာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
သင်္ကြန်အကြိုနေ့ ကျင်းပကြ  သင်္ကြန်အကြိုနေ့ ကျင်းပကြ Reviewed by THITHTOOLWIN on 11:49 Rating: 5
Powered by Blogger.