ဝမ့်ဟိုင်းဌာနချုပ်ဘက်သို့ အစိုးရတပ်များ အင်အားအလုံးအရင်းပို့ဆောင်နေ


ဧပြီ ၆ ရက် ၂၀၁၆

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အခြေစိုက်နေထိုင်သည့် သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/ SSA ဝမ့်ဟိုင်း ဌာနချုပ်ဘက်သို့ ယမန်နေ့ ဧပြီ ၅ ရက်နေ့မှ စ၍ အစိုးရ တပ်များအင်အား အလုံးအရင်း ပို့ဆောင်နေသောကြောင့် တိုက်ပွဲပြန်လည်ဖြစ်ပွားမည် ကို ဒေသခံများ စိုးရိမ်နေကြသည်။

စစ်သည်အပြည့် တင်ဆောင်သည့် စစ်ယာဉ်တန်းကြီးများသည် ယမန်နေ့ ညက ၁၅ စီး၊ ယနေ့ ၁၆ စီး ခိုလမ်မြို့မှ မိုင်းနောင်မြို့သို့ ဦးတည် သွားေ နကြောင်း၊ ခိုလမ်၊ ကွန်ဟိန်း၊ ကာလိ မှ မိုင်းစံ - မိုင်းရှူးဘက် သွားသည့် စစ်ယာဉ်တန်း ၅၂ စီးအနက် ယနေ့နံနက် ၄၇ စီး ကာလိမြို့ မြောက်ဘက် ၇ မိုင်အကွာ ဟောင်လိတ်ကျေးရွာလွန်ကာ မိုင်းစံမြို့သို့ ဦးတည် နေကြောင်း၊ ဝမ့်ဟိုင်းဘက်ဦးတည်သည့် တပ်မတော် လက်နက်ကိုင်အင်အား ၇၀၀ ခန့် ရှိကြောင်း ခိုလမ်ဒေသခံများ က ပြောသည်။

“ကျနော်တို့သဘောတူထားတာ မိုင်းရှူး၊ မိုင်းနောင်ဒေသ အတွင်း လှုပ်ရှား တဲ့ နှစ်ဘက်တပ် အားလုံး ဆုတ်ရမယ်။ ဒါပေမယ့်သူတို့က အကုန်မ ဆုတ် ဘူး။ ကျနော်တို့ဆီ ပေးပို့လာတဲ့ သတင်းက သူတို့ တပ် ပြောင်းတယ်ဆိုဘဲ။ ကျနော်တို့ လူကြီး တချို့ နဲ့ ဂျီဝမ်း နဲ့ အတူ ဝမ်ဆော့မှာ သွားရောက်စစ်ေ ဆး နေတယ်” - ဟု ဌာနချုပ် အရာရှိ တဦးကပြော သည်။

သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ သျှမ်းပြည်တပ်မတော် ဌာနချုပ်ဘက် ရောက်ရှိလာသည့် တပ်မတော်စစ်ယာဉ်တန်းကြီးများသည် သျှမ်းပြည်မြောက်ပိုင်းမှတောင် ပိုင်းတို့ ပြောင်းရွေ့လာသည့် မကွေးတိုင်း အင်းမ အခြေစိုက် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းများ ဖြစ်သည် ဟုဆိုသည်။

“၂၀၁၂ အပစ်ရပ်ကာလ က စပြီး ဖြစ်တဲ့ တိုက်ပွဲတိုင်းက သျှမ်းပြည်ထဲက တပ်တွေဘဲ။ အခု သတင်းရတာ တပ်မ ၆၆ ဆိုတော့ စစ်ရေးအရ သာမာန် တပ်ချိန်းတာ မဟုတ်နိုင်ဘူး။ အရင် ကလဲ တပ်ပြောင်းမယ် ဆိုပြီး ဖြတ်သန်း သွား လာခွင့်တောင်းတယ်။ ပြီးတော့ ကျနော်တို့ တပ် စခန်းတွေကို တက် တိုက် တယ်။ ဒါ့ကြောင့် ဘာဘဲပြောပြော ကျနော်တို့လဲ စစ်ရေး အသင့် လုပ် ထားရတယ်” - ဟု SSPP/SSA ရှေ့တန်းတပ်မှူးကြီး တဦး က ပြော သည်။

၂၀၁၄ နှစ်နှောင်းပိုင်းက တာဖါဆောင်တပ်စခန်းအားလည်းကောင်း၊ ၂၀၁၅ နှစ်နှောင်း ပိုင်းက ဝမ့်ဟိုင်းဌာနချုပ်တောင်ဘက် မိုင်းနောင် - မိုင်းရှူး ကားလမ်းတောင်ဘက်ခြမ်း အား လည်းကောင်း တပ်အပြောင်း အလဲ ပြု လုပ်မည်ဟုဆိုကာ အင်အားဖြည့်တိုက်ခိုက် သိမ်းပိုက် ခဲ့သည်။

မိုင်းနောင် - မိုင်းရှူးကားလမ်းတောင်ဘက်ခြမ်းတိုက်ပွဲကြောင့် ဒေသခံ လူထု သောင်းကျော် နေရပ်မှ စွန့်ခွါခဲ့ရသည်။ ယနေ့တိုင် ဟိုင်းပါ ဒုက္ခသည် စခန်း၌ စစ်ဘေးရှောင် တထောင် ကျော်ခိုလှုံနေဆဲ ဖြစ်သည်။ ဖြစ်ပွားသော တိုက်ပွဲကြောင့် ဒေသခံ လူထု တသိန်းနီးပါး ၂၀၁၅ အထွေထွေေ ရွးကောက် ပွဲကြီး မဲပေးသည့် အခွင့်အရေးများ ဆုံးရှုံးခဲ့ရသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေးဟု ဆိုသော် လည်း ၂၀၁၂ ခုနှစ်က ပြည်နယ် အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး စာချုပ် လက်မှတ်ရေးထိုးထားသည့် သျှမ်း လက်နက်ကိုင်တပ် တခုဖြစ်သည်။

ဓါတ်ပုံ- မိုင်းရှူး-မိုင်းနောင်တို့တက်သွားသည့်အစိုးရတပ်မတော်ယာဉ်တန်း များ ယမန်နေ့ကတွေ့ရစဉ်
သျှမ်းသံတော်ဆင့်/ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
ဝမ့်ဟိုင်းဌာနချုပ်ဘက်သို့ အစိုးရတပ်များ အင်အားအလုံးအရင်းပို့ဆောင်နေ  ဝမ့်ဟိုင်းဌာနချုပ်ဘက်သို့ အစိုးရတပ်များ အင်အားအလုံးအရင်းပို့ဆောင်နေ Reviewed by THITHTOOLWIN on 16:01 Rating: 5
Powered by Blogger.