လေပြင်းနှင့်မိုးသီးများကြောင့် မန္တလေးတိုင်းအတွင်း ကျပ်သိန်းပေါင်း တသောင်းခြောက်ထောင်ကျော် ပျက်စီးဆုံးရှုံး


ဧပြီ ၂၁-ရက်မှ ၂၃-ရက်နေ့များတွင် လေပြင်းများတိုက်ခတ်၍ အရွယ်ကြီးသည့် မိုးသီးကြွေခဲ့သဖြင့် မန္တလေးတိုင်းအတွင်း ပျက်စိးဆုံးရှံးမှုတန်ဖိုး ကျပ်သိန်းပေါင်းတသောင်းခြောက်ထောင်ကျော် ဆုံးရှုံးခဲ့ကြောင်း ဧပြီ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်ကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း၂၈ မြို့နယ်အနက် ၁၆ မြို့နယ်မှ ကျေးရွာ၂၈၇ ရွာ/ရပ်ကွက် ပေါင်း ၁၅ ရပ်ကွက်၌ ထိခိုက်ပျက် စီးမှုများ ဖြစ်ပေါ်ခဲ့၍ ၈ ဦးသေဆုံးခဲ့ပြီး ၄ ဦးထိခိုက်ဒါဏ်ရာရရှိခဲ့သည်။

"ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာမြို့နယ် ဘတ်ဂျက်ငွေတွေနဲ့အပြင် လိုအပ်ပါက ပြည်ထောင်စုကိုတင်ပြပြီး စာသင်ကျောင်းတွေကို ကျောင်းဖွင့်ချိန်အမီ ပြီးအောင်လုပ်မယ်"ဟု တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

ပျက်စီးဆုံးရှုံးမှုများတွင် ဌာနဆိုင်ရာ၊ စာသင်ကျောင်း၊ လူနေအိမ်များနှင့် သာသနိက အဆောက် အဦများပါဝင်ကြောင်း၊ စာသင်ကျောင်း ၂၇ ကျောင်းတွင် မူလတန်းကျောင်း ၁ ကျောင်းပြိုကျ ပျက်စီးပြီး ၁၀၉ ကျောင်းမှာ အမိုးများ လန်သွားကြောင်း၊ စေတီ ၅၉ ဆူ၊ ဘုန်းတော်ကြီးကျောင်း ၂၃ ကျောင်းမှာ ပျက်စီးမှုများပြားပြီး ၁၃၉ ကျောင်းမှာ သွပ်အမိုးများ လန်သွားကြောင်း သိရသည်။

ထို့အပြင် လူနေအိမ် ၆၉၅ ပြိုကျပျက်စီးခဲ့သဖြင့် လူဦးရေ ၂၇၇၇၆ ဦးမှာ သဘာဝဘေးဒဏ်ခံစားခဲ့ရ၍ တိရစ္ဆာန်ပေါင်း ၁၂၉၅ သေဆုံးခဲ့ကြောင်း၊ ဌာနဆိုင်ရာအဆောက်အဦ ၈ ခုပြိုကျကာ ၂၄ လုံးမှာ သွပ်အမိုးများ ပျက်စီးခဲ့သည်ဟု ဆိုသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
လေပြင်းနှင့်မိုးသီးများကြောင့် မန္တလေးတိုင်းအတွင်း ကျပ်သိန်းပေါင်း တသောင်းခြောက်ထောင်ကျော် ပျက်စီးဆုံးရှုံး  လေပြင်းနှင့်မိုးသီးများကြောင့် မန္တလေးတိုင်းအတွင်း ကျပ်သိန်းပေါင်း တသောင်းခြောက်ထောင်ကျော် ပျက်စီးဆုံးရှုံး Reviewed by THITHTOOLWIN on 10:01 Rating: 5
Powered by Blogger.