ကျောက်ဖြူတွင် ဘုရားဖူးကားတိမ်းမှောက်၍ နှစ်ဦးသေ၊ အများအပြား ဒဏ်ရာရ


နိရဉ္စရာ၊ ဧပြီ ၁၅

ကျောက်ဖြူမြို့နယ်၊ စည်မော်ကျေးရွာမှ နန်မူးတောင်ဘုရားပွဲသို့ ထွက်ခွာလာသော ကားသည် ယနေ့ (ဧပြီ ၁၅ရက်) နံနက် ၇ နာရီ ၄၅နာရီအချိန်တွင် တိမ်းမှောက်မှုဖြစ်ပွား ခဲ့ရာ လူနှစ်ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရှိသွားကြောင်း ကျောက်ဖြူရဲစခန်းမှ အတည်ပြု ပြောကြားသည်။

သေဆုံးသွားသူ စစ်တောအုပ်စု၊ စည်မော်ကျေးရွာမှ ဒေါ်ပေါက်ယောင်းမ (၄၅ )နှစ်နှင့် ကျွဲတဲကျေးရွာမှ ဦးမောင်အေးချမ်း(၆၃ )နှစ်တို့ဖြစ်သည်။

ရမ်းဗြဲမြို့နယ်၊ နန်းမူးတောင်ဘုရားပွဲသို့ လူပေါင်း ၅၅ ဦးကို တင်ဆောင်လာသော ဘုရားဖူးကားသည် ကျောက်ဖြူမြို့နယ်၊ မင်းပြင်ရွာထဲအရောက်တွင် တိမ်းမှောက်ခဲ့ပြီး ပွဲချင်းပြီး လူ နှစ်ဦးသေဆုံးကာ လူပေါင်း ၅၃ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ကျောက်ဖြူရဲစခန်း တာဝန်ရှိသူ တစ်ဦးက လူပေါင်း ၂၀ ခန့်ကို ဆေးရုံတင်ထားရသည်ဟု ပြောကြားသည်။

တိမ်းမှောက်သောကားမှာ ပြားကျွိန်ကျေးရွာမှ ကိုမောင်ကြည်မောင် ပိုင်သောကား ဖြစ်ပြီး နံပါတ်မှာ YNG 5I- 6997 ဖြစ်ကာ လုပ်ငန်းသုံးယာဉ်ဖြစ်သည်။

ဧပြီ ၁၃ ရက်နေ့ကလည်း သင်္ကြန်လည်ပတ်သော ဆိုင်ကယ်နှစ်စီး ကျောက်ဖြူမြို့နယ် စနဲရွာအနီး မျက်နာချင်းဆိုင်တိုက်ရာမှ အသက် ၂၀ အရွယ် လူငယ် သုံးဦးသေဆုံးခဲ့သည်။

ကျော်ဝင်း (ကျောက်ဖြူ)
Arakan State
https://www.facebook.com/NarinjaraNews
ကျောက်ဖြူတွင် ဘုရားဖူးကားတိမ်းမှောက်၍ နှစ်ဦးသေ၊ အများအပြား ဒဏ်ရာရ ကျောက်ဖြူတွင် ဘုရားဖူးကားတိမ်းမှောက်၍ နှစ်ဦးသေ၊ အများအပြား ဒဏ်ရာရ Reviewed by THITHTOOLWIN on 18:37 Rating: 5
Powered by Blogger.