အရှိန်လွန်ကား အိမ်ထဲဝင်၍ မိခင်သေဆုံးပြီး အသက် ၅ နှစ်အရွယ်သားငယ် ပြင်းထန်စွာ ဒဏ်ရာရ


ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း ပြည်ခရိုင်ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မှ ပဒါန်းဘက်သို့ မောင်းနှင်လာသောယာဉ်တစီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းနံဘေးနေ မစန်းကြည်၏အိမ်အတွင်းသို့ ဝင်ရောက်တိုက်မိ၍ မစန်းကြည် (အသက်၄၆နှစ်) (ဘ) ဦးအောင်ကြည်သည် နေရာတွင်ပွဲချင်းပီးသေဆုံးပြီး သားဖြစ်သူ အသက် ၅ နှစ်ခန့်အရွယ် ကလေးငယ်မှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့မှု ဧပြီ ၂၀ နေ့လည် ၁း၃၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ ပုသိမ်မုံရွာလမ်းမကြီး တောင်မှမြောက်သို့ ရန်ပိုင်ထွန်း (အသက် ၂၈ နှစ်) သင်္ဃန်းကျွန်းမြို့နယ်နေသူ မောင်းနှင်၍ ဖိလစ်ပိုင်လူမျိုးတဦး လိုက်ပါလာသော 5D8507 Surf အမျိုးစားကားသည် မိုင်တိုင်အမှတ် ၁၇၇ ရှိ ကျီးပင်ကျေးရွာနေ မစန်းကြည်၏နေအိမ်အတွင်း အရှိန်လွန် ဝင်ရောက်ကာ တိုက်မိခဲ့ခြင်းဖြစ်သည်။ အမှုကို ကျီးပင်ရဲကင်းစခန်းမှ ၃၀၄/က ၃၃၇/၃၃၈တို့ဖြင့် အမှုဖွင့်ထားရှိပြီး ရဲလုပ်ငန်းများအတိုင်း ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ထန်ထန်မဲဇလီ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
အရှိန်လွန်ကား အိမ်ထဲဝင်၍ မိခင်သေဆုံးပြီး အသက် ၅ နှစ်အရွယ်သားငယ် ပြင်းထန်စွာ ဒဏ်ရာရ  အရှိန်လွန်ကား အိမ်ထဲဝင်၍ မိခင်သေဆုံးပြီး အသက် ၅ နှစ်အရွယ်သားငယ် ပြင်းထန်စွာ ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.