ဒေါ်စု သမ္မတထက် တရားဝင်နေဖို့ နီးစပ်လာ

နိုင်ငံခြားရေး ဝန်ကြီး၊ သမ္မတရုံး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် (Credit: Reuters) 
နိုင်ငံတော် ​အတိုင်ပင်ခံ ​ပုဂ္ဂိုလ်ဆိုင်ရာ ​ဥပဒေကြမ်းကို ​ပြည်သူ့လွှတ်တော်က ​အတည်ပြုပြီးတဲ့နောက် ​ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​သမ္မတ ​အထက်မှာ ​တရားဝင်နေလို့ရမယ့် ​အနေအထား ​ပိုများလာပါတယ်။

မြန်မာ ​တပ်မတော် ​ကိုယ်စားလှယ်တွေက ​နိုင်ငံတော် ​အတိုင်ပင်ခံ ​ပုဂ္ဂိုလ်ဆိုင်ရာ ​ဥပဒေကြမ်းအစား ​နိုင်ငံတော် ​သမ္မတရဲ့ ​အတိုင်ပင်ခံ ​ပုဂ္ဂိုလ်ဆိုင်ရာ ​ဥပဒေအဖြစ် ​သတ်မှတ်ပေးဖို့ ​ပြောဆိုခဲ့ပါတယ်။

ဒီဥပဒေကြမ်းကို ​မဲခွဲဆုံးဖြတ်တဲ့အခါမှာ ​တပ်မတော် ​ကိုယ်စားလှယ်တွေက ​မဲမပေးခဲ့ကြပေမယ့် ​ပြည်သူ့လွှတ်တော်မှာ ​NLD ​က ​လူများစုဖြစ်လို့ ​လူများစုရဲ့ ​ထောက်ခံချက်တဲ့ ​ဥပဒေကြမ်းကို ​အတည်ပြုနိုင်ခဲ့ပါတယ်။

အဲဒီ ​ဥပဒေကြမ်းကို ​အမျိုးသား ​လွှတ်တော်ကလည်း ​အတည်ပြုပြီးသား ​ဖြစ်သလို ​ပြည်သူ့လွှတ်တော်မှာလည်း ​ထပ်မံ ​အတည်ပြုလိုက်တဲ့အတွက် ​သမ္မတ ​ဦးထင်ကျော်ရဲ့ ​ထောက်ခံမှု ​လက်မှတ် ​ရရှိရင်တော့ ​အဲဒီဥပဒေက ​အသက်ဝင်လာမှာ ​ဖြစ်ပါတယ်။

နိုင်ငံတော် ​အတိုင်ပင်ခံ ​ပုဂ္ဂိုလ် ​ရာထူးက ​ဒေါ်အောင်ဆန်းစုကြည်ကို ​သမ္မတအထက်မှာ ​တရားဝင် ​နေရာပေးမယ့် ​ဥပဒေ ​ဖြစ်တယ်လို့လည်း ​သုံးသပ်နေကြတဲ့အတွက် ​ဒေါ်အောင်ဆန်းစုကြည်ကို ​သမ္မတ ​ဖြစ်ခွင့်ကနေ ​ပိတ်ပင်တဲ့ ​၅၉ ​(စ) ​က ​ဘာမှ ​အသုံးမဝင်တော့ဘူးဆိုပြီး ​ပြောဆိုနေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ​နိုင်ငံတော် ​အတိုင်ပင်ခံ ​ပုဂ္ဂိုလ်ဖြစ်ဖို့ ​အလားအလာများနေတဲ့အပြင် ​နိုင်ငံခြားရေး ​ဝန်ကြီးနဲ့ ​သမ္မတရုံး ​ဝန်ကြီးအဖြစ်လည်း ​တာဝန်ထမ်းဆောင်နေတာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဒေါ်စု သမ္မတထက် တရားဝင်နေဖို့ နီးစပ်လာ  ဒေါ်စု သမ္မတထက် တရားဝင်နေဖို့ နီးစပ်လာ Reviewed by THITHTOOLWIN on 17:48 Rating: 5
Powered by Blogger.