မိုးကြိုးပစ်ခံရ၍ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ


နေပြည်တော်၊ ဧပြီ ၁၀

၂၀၁၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ တောမွန်ရွာတွင် မိုးကြိုးပစ်ခံရ၍ လူတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ ဘော်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ အဆိုပါရွာတွင်နေသူများဖြစ်သည့် မျိုးမောင်မောင်(၂၃)နှစ်၊ မသောင်း(၃၅)နှစ်၊ မစု(ခ)မရင်ရင်ဌေး(၃၃)နှစ်နှင့် သားစိုး(ခ)ညီဇော်သက်(၁၄)နှစ်တို့(၄)ဦးသည် ရွာအနောက်ဘက် (၁)မိုင်ခန့်အကွာရှိ ပဲခင်းပျက်ထဲ၌ နွားကျောင်းနေစဉ် လေများတိုက်ခတ်၍ မိုးရွာသွန်းလာသဖြင့် ရုံးပင်အောက်သို့ ဝင်ရောက်မိုးခိုရာမှ မိုးကြိုးပစ်ခံရ၍ သားစိုး(ခ)ညီဇော်သက်တွင် မီးလောင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မျိုးမောင်မောင် ပါ(၃)ဦးတို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့ကြောင်းသိရှိရ၍ ဘော်နယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁/၂၀၁၆)ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

မိုးကြိုးပစ်ခံရ၍ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ  မိုးကြိုးပစ်ခံရ၍ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 17:53 Rating: 5
Powered by Blogger.