ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင်ဟု စွပ်စွဲထောင်ချခံရသူ ၄ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စစ်တွေထောင်မှ လွှတ်မြောက်လာ


နိရဉ္စရာ၊ ဧပြီ ၁၇

နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စစ်တွေ အကျဉ်းထောင်မှ ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်မှု စွပ်စွဲချက်ဖြင့် ထောင်ချခံရသူ ၄ ဦးလွတ်မြောက်လာကြောင်း သတင်း ရရှိသည်။

လွတ်မြောက်လာသူများမှာ ကျောက်တော်မြို့နယ်မှ ကိုစံမောင်သာ၊ ဦးတင်ရွှေ၊ ကိုစံအေးမောင်နှင့် မင်းပြားမြို့နယ်မှ ဦးရွှေလုံး(ခ) ဦးရွှေစိန်ဝင်းဖြစ်ကြောင်း သိရသည်။

သူတို့အား ၂၀၁၅ ခုနှစ် ဧပြီလတွင် ဖမ်းဆီးပြီး ၂၀၁၆ ခုနှစ် ဧပြီလတွင် ထောင်ချခံခဲ့ကြသူများ ဖြစ်ကြသည်။

ထောင်ထဲမှ လွတ်မြောက်လာသူ ကိုစံမောင်သာက “ ကျွန်တော်က ကျောက်တော်မြို့နယ် လင်ဇင့်ရွာသစ်ကပါ။ ကျွန်တော်က အေအေ အဖွဲ့ဝင် မဟုတ်ပါဘူး။ ခင်ဗျား အစည်းအဝေးတက်တယ်။ သူပုန်ကို ထမင်းကျွေးတယ်ဆိုပြီး စစ်တပ်က စွပ်စွဲ ဖမ်းဆီးခဲ့တာပါ။ အတင်းဝန်ခံခိုင်းပြီး ကျွန်တော်ကို ထောင်သုံးနှစ် ချခဲ့ပါတယ်” ဟု ပြောသည်။

တစ်ခြားသုံးဦးမှာလည်း ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင်များမဟုတ်ကြဘဲ သံသယဖြင့် စွပ်စွဲ ဖမ်းဆီးခံရကာ ထောင်သုံးနှစ်စီ ချမှတ်ခံခဲ့ကြသူများသာ ဖြစ်သည်ဟု ကိုစံမောင်သာက ပြောသည်။

နှစ်သစ်ကူး အခါသမယတွင် အမျိုးသား ရင်ကြားစေ့ရေးနှင့် ပြည်သူ လူထု နှလုံးစိတ်ဝမ်း ငြိမ်းချမ်းစေရေးတို့ကို ဦးတည်သော အားဖြင့် နိုင်ငံတော်သမ္မတမှ အကျဉ်းသား ၈၃ ဦးကို နှစ်ဆန်း တစ်ရက်နေ့တွင် လွတ်ပေးခဲ့ရာ ထိုအထဲတွင် စစ်တွေထောင်မှ ၄ ဦးပါဝင်ကြောင်း သိရသည်။

ခိုင်ခိုင်ဇံ (စစ်တွေ)
Arakan State
https://www.facebook.com/NarinjaraNews
ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင်ဟု စွပ်စွဲထောင်ချခံရသူ ၄ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စစ်တွေထောင်မှ လွှတ်မြောက်လာ  ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင်ဟု စွပ်စွဲထောင်ချခံရသူ ၄ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စစ်တွေထောင်မှ လွှတ်မြောက်လာ Reviewed by THITHTOOLWIN on 18:35 Rating: 5
Powered by Blogger.