မွန်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ ကျင်းပ


မော်လမြိုင် ဧပြီ ၁၂

၂၀၁၆ ခုနှစ်၊ ဧပြီ ၁၂ ရက် ( ၁၃၇၇ ခုနှစ် ၊ တန်ခူးလဆန်း ၅ ရက်) တွင်ကျရောက်သည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်း မြို့မတံတားရှိ ဗဟိုမဏ္ဍာပ်၌ ယနေ့ညနေ ၆ နာရီတွင် မွန်ပြည်နယ် အစိုးရအဖွဲ့မှဦးဆောင်ကာ ဖွင့်ပွဲအခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ပြုလုပ် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍာပ်ကို မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိ၊ လုံခြုံရေးနှုင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်ပြီး ပြိုင်ပွဲဝင် သင်္ကြန်ယိမ်းအဖွဲ့များမှ အခမ်းအနား တက်ရောက်လာကြသည့် ဧည်သည် တော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့အား ကပြဖျော်ဖြေတင်ဆက်ကြပြီး ငွေဖလားကိုင် လှပျိုဖြူများက မွန်ပြည်နယ် လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား အမွှေးနံ့သာ ရည်များကို သပြေခက်ဖြင့် ပက်ဖျန်းကြသည်။


ယခုနှစ်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ဗဟိုမဏ္ဍာပ်၌ ပြိုင်ပွဲဝင် ယိမ်း ၁၄ ဖွဲ့ ၀င်ရောက် ယှဉ်ပြိုင် မည်ဟုသိရပြီး သင်္ကြန်အတက်နေ့တွင် ဗဟိုမဏ္ဍာပ်ပိတ်ပွဲနှင့်အတူ ဆုရရှိသည့် ယိမ်းအဖွဲ့များ အား ဆုများပေး အပ်ချီးမြှင့်သွားမည်ဖြစ်သည်။

၁၃၇၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်တွင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ် အသီးသီး၌ မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာအစအစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်လျှက်ရှိပြီး ပြည်သူများ လုံခြုံအေးချမ်း ပျော်ရွှင်စွာဖြင့် မဟာသင်္ကြန်ပွဲတော်ကို ယှဉ်နွဲနိုင်ရန် တာဝန်ရှိသူများက စီမံဆောင်ရွက်ပေး လျှက်ရှိကြောင်း သတင်းရရှိသည်။

ပြည်နယ် ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မွန်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ ကျင်းပ  မွန်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ ကျင်းပ Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.