ပြည်ကြီးတံခွန်မြို့နယ်တွင် ဂတ်စ်မီးခြစ်စက်ရုံ မီးလောင်မှုဖြစ်ပွား


ပြည်ကြီးတံခွန် ဧပြီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂×၆၃ လမ်းကြား၊ ဖိုးရာဇာလမ်းနှင့် ကနောင်မင်းသားကြီး လမ်းကြား၊ (ဈ)ရက်ကွက်၊ အကွက်အမှတ်(H-96) ရှိ Hi-Star ဂတ်စစ်မီးခြစ်စက်ရုံတွင် ဧပြီ ၃၀ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်က ဂတ်စ်မီးခြစ်များ မီးခြစ်၍ အရည် အသွေးကောင်းမကောင်း စမ်းသပ်ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် RC သွပ်မိုးမြေစိုက် ၅၀×၁၀ပေ အဆောက်အဦတစ်လုံး မီးလောင်ကျွမ်းခဲ့သည်။


အဆိုပါမီးလောင်ရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ၊ မီးငြိမ်း သတ်ယာဉ်(၁၀)စီး၊ အုပ်ချုပ်မှု့ယာဉ်(၁)စီး၊ သန္ဓေမီးသတ်(၂၀)ဦး၊ အရန်မီးသတ်(၄၀)ဦးနှင့် ရပ်ကွက်နေ ပြည်သူများ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် အလုပ်သမား မနှင်းသန္တာမြင့် (ဘ) ဦးလှမြင့်အား ပြည်ကြီး တံခွန်မြို့နယ် ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ပြည်ကြီးတံခွန်မြို့နယ်တွင် ဂတ်စ်မီးခြစ်စက်ရုံ မီးလောင်မှုဖြစ်ပွား  ပြည်ကြီးတံခွန်မြို့နယ်တွင် ဂတ်စ်မီးခြစ်စက်ရုံ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:45 Rating: 5
Powered by Blogger.