ဆင်ပေါင်ဝဲမြို့နယ်တွင် မိုးသီးကြွေခြင်းနှင့် လေပြင်းတိုက်ခတ်မှု ဖြစ်ပွား


ဆင်ပေါင်ဝဲ ဧပြီ ၂၉

ဆင်ပေါင်ဝဲမြို့နယ်အတွင်း ဧပြီလ ၂၉ ရက်နေ့ ညနေ ၄ နာရီ မိနစ် (၃၀) အချိန်မှ ညနေ ၅ နာရီ ၁၅ မိနစ်ခန်အချိန်အထိ မိုးရွာသွန်း၍ မိုးသီးများ ကြွေကျပြီး လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု (၁၃) အုပ်စု၊ ကျေးရွာ (၃၁)ရွာ ရှိ သာသနိက အဆောက်အဦး (၁၁) လုံး၊ စာသင်ကျောင်း (၁၂)ကျောင်း၊ လူနေအိမ် (၁၉၅ )လုံး၊ အမိုးလေလန်ခဲ့ပြီး စုစုပေါင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုးကျပ် (၁၄၉၁၁၄၀၀)ခန့်ဖြစ်ကြောင်း သိရသည်။

ဧကရာဇ် ကျေးရွာတွင် နွားတစ်ကောင် သစ်ပင်ပိ၍ သေဆုံးကာ အခြားကျေးရွာတွင် လူနှင့် တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိကြောင်း သိရှိရသည်။

မြို့နယ် ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဆင်ပေါင်ဝဲမြို့နယ်တွင် မိုးသီးကြွေခြင်းနှင့် လေပြင်းတိုက်ခတ်မှု ဖြစ်ပွား  ဆင်ပေါင်ဝဲမြို့နယ်တွင် မိုးသီးကြွေခြင်းနှင့် လေပြင်းတိုက်ခတ်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 10:02 Rating: 5
Powered by Blogger.