ယူနီတီဂျာနယ်မှ သတင်းသမား ငါးဦး ပခုက္ကူအကျဉ်းထောင်မှ လွတ်မြောက်


ပခုက္ကူ ဧပြီ ၁၇

၁၃၇၈ ခုနှစ် မြန်မာနှစ်ဆန်းကာလတွင် ပြည်သူလူထုစိတ် နှလုံးချမ်းမြေ့ရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ ရေးကို ရည်ရွယ်လျက် နိုင်ငံတော်သမ္မတရုံးမှ ဧပြီ ၁၆ ရက်တွင် အမိန့်ထုတ်ပြန်ကာ နိုင်ငံရေးအကျဉ်း သားများအား ဧပြီ ၁၇ ရက် နံနက် ၈ နာရီ မိနစ် ၂ဝ က စတင်လွှတ်ပေးခဲ့ကြောင်းသိရသည်။

ပေါက်မြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ သတင်း ရေးသားမှုနှင့်ပတ်သက်၍ ပခုက္ကူခရိုင်တရားရုံးက မြန်မာ နိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေဖြင့် ၂ဝ၁၄ ခုနှစ် ဇူလိုင်လ ၁ဝ ရက်တွင် ယူနီတီဂျာနယ်မှ အမှုဆောင် အရာရှိဦးတင့်ဆန်းနှင့်အတူ အကြီးတန်းသတင်းထောက် သဲရာဇာဦး၊ အကြီးတန်းသတင်းထောက် ပိုင်သက်ကျော်၊ အငယ်တန်းသတင်းထောက် လူမော်နိုင်နှင့် အလုပ် သင်သတင်းထောက် စည်သူစိုးတို့အား ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခြင်းခံခဲ့ရသည်။

ပခုက္ကူအကျဉ်းထောင်မှ လွတ်မြောက်လာသူ ဦးတင့်ဆန်းက အစိုးရသစ်တက်လာပြီဟု ဆိုသော် လည်း မိမိတို့အနေဖြင့် သတင်းလွတ်လပ်ခွင့် ဆက်လက် ကြိုးစားသွားရမည်ဖြစ်ကြောင်း၊ ယူနီတီဂျာနယ်ကိုလည်း ပြန်လည်ထုတ်ဝေနိုင်ရေးအတွက် ဆွေးနွေးသွားမည်ဖြစ် ကြောင်းနှင့် မိမိတို့သတင်းသမားအနေဖြင့် သတင်း လုပ်ငန်းများကို စနစ်တကျလုပ်ဆောင်ကြစေလိုကြောင်း၊ ပြောင်းလဲမှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလို ကြောင်းပြောကြားခဲ့ပြီး ပခုက္ကူမြို့လူထုနှင့် ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ကူညီစောင့် ရှောက်ခဲ့သူအားလုံးကို ကျေးဇူးတင်စကားပြောကြားခဲ့ ကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily

ယူနီတီဂျာနယ်မှ သတင်းသမား ငါးဦး ပခုက္ကူအကျဉ်းထောင်မှ လွတ်မြောက်  ယူနီတီဂျာနယ်မှ သတင်းသမား ငါးဦး ပခုက္ကူအကျဉ်းထောင်မှ လွတ်မြောက် Reviewed by THITHTOOLWIN on 07:14 Rating: 5
Powered by Blogger.