ယာဉ်ပေါ်ပါပစ္စည်းများအား ခိုးယူမောင်းနှင်ထွက်ပြေးသူအား ဖမ်းမိ


ရန်ကုန် ဧပြီ ၁

မတ် ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က အမှတ် (၂၉/၈၅၆) အောင်သစ္စာ (၃)လမ်း (၂၉)ရပ်ကွက် မြောက်ဒဂုံမြို့နယ်နေသူ ဦးဖြိုးဟိန်းကျော်သည် ယခင်က ခင်မင်ရင်းနှီးသူ ဟိန်းဇော်၏ ဟွန်ဒါဖစ်အဖြူရောင်အငှားယာဉ်ဖြင့် အလုံမြို့နယ်တွင် ကုန်ဖိုးငွေရယူရန် သစ်တော ရပ်ကွက် အလုံတာဝါရှိ ရွှေတောင်ကုမ္ပဏီသို့ဝင်ရောက်ပြီး အဆိုပါကားဖြင့်ပင် တောင်ဒဂုံမြို့နယ် စက်မှုဇုန်(၃)သို့ပြန်လာစဉ် အလုံမြို့နယ် အလုံလမ်းရှိ ''အေးချမ်းစေ'' စတိုးဆိုင် တွင် ကားအားခေတ္တရပ်ပြီး အအေးဝင်ဝယ်ရာ ကားပေါ်တွင် ကျန်ရှိခဲ့သော ငွေ ၇၆ သိန်းနှင့်အတူ NEEKO တံဆိပ်ပါ ကျောပိုးအိတ် ဟောင်းတစ်လုံး၊ ဘဏ်စာအုပ်ခြောက်အုပ်၊ ATM ကတ်နှစ်ကတ်၊ မှတ်ပုံတင်တစ်ခု၊ ယာဉ်မောင်း လိုင်စင်တစ်ခုထည့်ထားသော ကျောပိုးအိတ်နှင့်အတူ မောင်းနှင်ထွက်ပြေး သွားသဖြင့် အလုံမြို့မ ရဲစခန်းသို့ မတ် ၂၉ ရက် ည ၁ဝ နာရီ ၁ဝ မိနစ်က လာရောက်တိုင်တန်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ (ပ) ၁ဝ၆/၂ဝ၁၆၊ ပြစ်မှုပုဒ်မ ၃၇၉ အရ အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးရမိရေးဆောင်ရွက်စဉ် တာဝန်သိပြည်သူ၏သတင်းပေးချက်အရ သာကေတမြို့နယ် အမှတ်(၈) ရပ်ကွက်တွင် ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် သာကေတ မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဖမ်းဆီးနိုင်ခဲ့ပြီး တရားစွဲဆိုနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ကိုတင်မောင်ဦး (အလုံ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

ယာဉ်ပေါ်ပါပစ္စည်းများအား ခိုးယူမောင်းနှင်ထွက်ပြေးသူအား ဖမ်းမိ  ယာဉ်ပေါ်ပါပစ္စည်းများအား ခိုးယူမောင်းနှင်ထွက်ပြေးသူအား ဖမ်းမိ Reviewed by THITHTOOLWIN on 08:57 Rating: 5
Powered by Blogger.