လွတ်ငြိမ်းချမ်းသာခွင့်ထက် အခြေခံဥပဒေပြင်ဆင်ရေး ပိုမိုလိုလားကြောင်း ဖမ်းဆီးခံကျောင်းသားများပြောကြား


ရန်ကုန် ဧပြီ ၇

ဒီမိုကရေစီ ပညာရေးသပိတ်မှ ဖမ်းဆီးခံထားရသည့် ကျောင်းသားများအနေဖြင့် ဒီမိုကရေစီနည်း ကျကျဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွတ်ငြိမ်းချမ်းသာခွင့်ထက် ပိုမိုလိုလားကြောင်း ဖမ်း ဆီးခံ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းသွေးသစ်က ယနေ့လှိုင်မြို့နယ်တရားရုံးတွင် ပြုလုပ်သည့် ရုံးထုတ်စစ်ဆေးမှု အပြီးတွင် ပြောကြားခဲ့သည်။

"ဒီမိုကရေစီ နည်းကျတဲ့ အခြေခံဥပဒေဆိုရင် နိုင်ငံရေး အကျဉ်းသားတွေရှိမှာမဟုတ်ဘူး " ဟု ကိုမင်းသွေးသစ်ကဆိုသည်။ အခြေခံဥပဒေ ပြင်ဆင်ရေးသည် တစ်နိုင်ငံလုံးရှိ ပြည်သူများ ၏ အမျိုးသားရေးတာဝန်ဖြစ်ပြီး ဗ.က.သ အနေဖြင့် ယင်းအချက်အပြင် ၇ကြိမ်မြောက် ကျောင်းသား ညီလာခံ ပြုလုပ်ရေး နှင့် ကျောင်းသား သပိတ်တွင်တောင်းဆိုခဲ့သည့် အချက် ၁၁ချက်ကို ဆက်လက်တောင်းဆိုသွားမည်ဟု သိရသည်။

 စတင်အကျဉ်းကျခံခဲ့ရသည့် အချိန်မှစကာ ပြန်လည်လွတ် မြောက်တော့မည်ဟု သတင်းများ မကြာခဏကြားခဲ့ရပြီး အခြား နိုင်ငံရေးအကျဉ်းသားများနှင့် ရာဇဝတ်အကျဉ်းသားများ သာ လွတ်မြောက်သွားကြသည့်အတွက် ယခင်အစိုးရ အနေဖြင့် ကျောင်းသားများအပေါ် အညှိုးထားသည်ဟု ယူဆပြီး ယခုအစိုးရသည်သာ ပြည်သူ့အစိုးရ ဖြစ်သည့်အတွက် ယခုအစိုးရလက်ထက်ထုတ်ပြန်မည့် လွတ်ငြိမ်းချမ်း သာခွင့်ကို ၄င်းတို့အနေဖြင့် ပိုမိုလိုလားကြောင်း ကိုမင်းသွေးသစ်က လှိုင်မြို့နယ်တရားရုံးတွင် ပြုလုပ်သည့် ရုံးထုတ် စစ်ဆေးမှုအပြီးတွင် ပြောကြားခဲ့သည်။

အောင်သော်ဖြိုး
china.com Myanmar
https://www.facebook.com/china.com.mm/

လွတ်ငြိမ်းချမ်းသာခွင့်ထက် အခြေခံဥပဒေပြင်ဆင်ရေး ပိုမိုလိုလားကြောင်း ဖမ်းဆီးခံကျောင်းသားများပြောကြား  လွတ်ငြိမ်းချမ်းသာခွင့်ထက် အခြေခံဥပဒေပြင်ဆင်ရေး ပိုမိုလိုလားကြောင်း ဖမ်းဆီးခံကျောင်းသားများပြောကြား Reviewed by THITHTOOLWIN on 17:33 Rating: 5
Powered by Blogger.