မြစ်ရေတင် လယ်ကြားမြောင်းအတွင်း အမျိုးသားတစ်ဦး ဓါးဒါဏ် ရာဖြင့် သေဆုံးမှုအား ရေတာရှည် ရဲတပ်ဖွဲ့မှ ရက်ပိုင်းအတွင်း ဖေါ်ထုတ်


ရေတာရှည် ဧပြီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့ အရှေ့တောင်ဘက်(၄)မိုင်ခန့်အကွာရှိ အင်းဒိုင်းကျေးရွာ တောင်ဘက် (၂)ဖာလုံခန့် မြစ်ရေတင်မြောင်း နံဘေး ရေအိုင်ထဲတွင် ဧပြီ ၁၇ ရက်နေ့ နံနက်ပိုင်းက ဓါးဒါဏ်ရာ များဖြင့် သေဆုံးနေသော လူသတ်မှုအား မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်၍ ရက်ပိုင်းအတွင်း ပြစ်မှုကျူးလွန်သူ အား ဖေါ်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဥာဏ်ဝင်းနှင့်အတူ မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ဇေယျ ဦးစီးအဖွဲ့တို့က အခင်းဖြစ်သည့်နေရာအား သွားရောက်စစ်ဆေးခဲ့ရာ ဓါးဒါဏ်ရာများဖြင့် သေဆုံးနေသူမှာ အင်ဒိုင်းကျေးရွာနေ ဦးမြင့်ကြိုင် (၅၆)နှစ်ဆိုသူဖြစ်ကြောင်း သိရကာ ဦးခေါင်း၊ မျက်နှာ၊ လက်များတွင် ဒါဏ်ရာ(၁၅)ချက် ရရှိခဲ့ သည်ကို တွေ့ခဲ့ရပြီး သွေးစွန်းနေသော ကြံခုတ်ဓါးမ အကွေးတစ်ချောင်းတို့ကို တွေ့ရှိခဲ့သည်။

သေဆုံးသူ ဦးမြင့်ကြိုင်သည် အင်းဒိုင်းကျေးရွာ၏အရှေ့ဘက် တစ်မိုင်ခွဲ ခန့်အကွာရှိ လယ်တဲ၌ နေထိုင်ပြီး ၄င်းတဲနှင့် အနီးဆုံးတဲတစ်တဲမှာ တစ်ရွာတည်းနေ သန်းဦး(၄၈)နှစ်ဆိုသူဖြစ်ကာ ဧပြီ ၁၆ ရက်နေ့ ညနေ(၆) နာရီခွဲအချိန်ခန့်က သန်းဦး၏တဲပေါ်တွင် ဦးမြင့်ကြိုင်၊ သန်းဦး၊ မျိုးထွန်းဦးနှင့် နန်းသူအောင်တို့ ဝိုင်းဖွဲ့ကာ အရက်သောက်စားခဲ့ပြီးနောက် ဦးမြင့်ကြိုင်နှင့် သန်းဦးတို့ ရန်ဖြစ်စကားများခဲ့သေးကြောင်း ၄င်းနောက်မှ ဦးမြင့်ကြိုင်မှာ ရွာသို့ ထမင်းစားရန် ပြန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရ၍ ဝိုင်းဖွဲ့အရက်သောက် ရာတွင် ပါဝင်ခဲ့သူများကို ရဲစခန်းသို့ခေါ်ကာ ဆက်လက်စစ်ဆေးခဲ့သည်။

သန်းဦးက တဲရှေ့တွင် ထောင်ထားသည့် ပေါက်တူးနှင့် ဓါးမကို ဆွဲယူကာ တာဘောင်အတိုင်း ဦးမြင့်ကြိုင် ပြန်လာမည့် လမ်းမှ ကြိုတင်စောင့်ဆိုင်းနေချိန် ဦးမြင့်ကြိုင်က မြင်တွေ့သွားပြီး အော်ဟစ် ဆဲဆို ကာ သန်းဦးထံသို့ ပြေးလာကာ ဓါးဖြင့် ခုတ်ခဲ့ကြောင်း၊ သန်းဦးမှ ပေါက်တူး ရိုးဖြင့် ခုခံသဖြင့် ဓါးလွတ်ကျသွားရာ ဦးမြင့်ကြိုင်အား ဓါးဖြင့် ဆက်တိုက် ခုတ်ခဲ့ပြီး တာဘောင်မြောက်ဘက်ဘေးတွင် လဲကျသွားစဉ် ပေါက်တူးဖြင့် ဆက်ခုတ်ခဲ့ရာမှ သေဆုံးသွားခဲ့ပြီး အလောင်းအား အများသူငှာ ရုတ်တရက် မမြင်တွေ့နိုင်ရန် ရေမြောင်း အတွင်းသို မှောက်လျက် အနေ အထားဖြင့် ထားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့၍ ရေတာရှည်မြို့မ ရဲစခန်း က ပြစ်မှုကျူးလွန်သည့် သန်းဦးအား (ပ)၉၁/၂၀၁၆ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

ရေတာရှည်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မြစ်ရေတင် လယ်ကြားမြောင်းအတွင်း အမျိုးသားတစ်ဦး ဓါးဒါဏ် ရာဖြင့် သေဆုံးမှုအား ရေတာရှည် ရဲတပ်ဖွဲ့မှ ရက်ပိုင်းအတွင်း ဖေါ်ထုတ်  မြစ်ရေတင် လယ်ကြားမြောင်းအတွင်း အမျိုးသားတစ်ဦး ဓါးဒါဏ် ရာဖြင့် သေဆုံးမှုအား ရေတာရှည် ရဲတပ်ဖွဲ့မှ ရက်ပိုင်းအတွင်း ဖေါ်ထုတ် Reviewed by THITHTOOLWIN on 17:14 Rating: 5
Powered by Blogger.