“အသက်၁၈ နှစ်မပြည့်မီ လက်မထပ်ဖို့” ဘင်္ဂလာဒေ့ရှ်ကျောင်းသူတွေ တောင်းဆို


နိရဉ္စရာ၊ ဧပြီ ၅

ဘင်္ဂလာဒေ့ရှ်နိုင်ငံ Chuadanga အစိုးရ မိန်းခလေးကျောင်းက ကျောင်းသူတွေဟာ “ အသက် ၁၈ နှစ်မပြည့်မီ လက်မထပ်ပါနဲ့” စာသားများပါတဲ့ ပိုစတာတွေကို ကိုင်ပြီး လူပ်ရှားမှု တစ်ခုကို ဒီကနေ့ (ဧပြီ ၅ ) ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီ လှုပ်ရှားမှုကို အရွယ်မရောက်သူများ လက်ထပ်မှုကို ဆန့်ကျင်တဲ့ အခမ်းအနား တစ်ခုအတွင်း ကျောင်းသူတွေဟာ ပိုစတာတွေကို ကိုင်ပြီး တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဘင်္ဂလာဒေ့ရှ့်နိုင်ငံမှာ အရွယ်မရောက်သူတွေ လက်ထပ်မှု များပြားနေတဲ့ အတွက် ဥပဒေအရ တားမြစ်ပိတ်ပင်မှု ပြုလုပ်ထားပါတယ်။ ဒါပေမယ့် ထိထိရောက်ရောက် တားဆီးနိုင်ခြင်း မရှိတဲ့ အတွက် ကျောင်းတွေမှာ အသက်အရွယ် မရောက်သုများကို လက်မထပ်ဖို့ ခုလို တောင်းဆိုမှုတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

Arakan State
https://www.facebook.com/NarinjaraNews
“အသက်၁၈ နှစ်မပြည့်မီ လက်မထပ်ဖို့” ဘင်္ဂလာဒေ့ရှ်ကျောင်းသူတွေ တောင်းဆို   “အသက်၁၈ နှစ်မပြည့်မီ လက်မထပ်ဖို့” ဘင်္ဂလာဒေ့ရှ်ကျောင်းသူတွေ တောင်းဆို Reviewed by THITHTOOLWIN on 22:21 Rating: 5
Powered by Blogger.