ပြင်းထန်သော အယ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်တက်ကာ အိန္ဒိယတွင် ဧပြီလအတွင်း လူ ၃၀၀ကျော်သေဆုံး


ပြင်းထန်သော အယ်နီညိုဖြစ်စဉ်ကြောင့် ပုံမှန်မဟုတ်သော ပူပြင်းသည့်ရာသီဥတုဖြစ်ပေါ်ကာ အိန္ဒိယတွင် ဧပြီလအတွင်း သေဆုံးသူ ဦးရေ ၃၀၀ကျော်ထိ ရှိလာပြီ ဟုသိရသည်။

 ထိုကြောင့် အိန္ဒိယနိုင်ငံအစိုးရမှ အပူချိန်ကာကွယ်ရေးလုပ်ဆောင်နေပြီး စီမံချက်အသစ်များချမှတ်ခဲ့ရသည်။


ထိုသတ်မှတ်ချက်များအရ အိန္ဒိယတွင် မီးဘေးကာကွယ်ရန် မနက် ၉ နာရီမှ ညနေ၆ နာရီအတွင်း ထမင်းဟင်းမချက်ရန်တားဆီးခဲ့ပြီး ဘာသာရေး အရမီးပူဇော်မှုကိုလည်း တားဆီးထားရကြောင်းသိရသည်။

 ထိုတားဆီးချက်များကိုဖောက်ဖျက်ပါက ထောင်ဒဏ် ၁နှစ်အထိချမှတ်နိုင်သည်ဟု ဥပဒေတစ်ရပ်ထုတ်ပြန်ကြေညာထားကြောင်းသိရသည်။


 အိန္ဒိယ ကျန်းမာရေးဦးစီးဌာန၏ထုတ်ပြန်ကြေငြာချက် အရ ယနေ့အထိ အိန္ဒိယပြည်သူ သန်း ၃၃၀မှာ ပြင်းထန်သောရေပြတ်လပ်မှုဒဏ်ကို ခံစားနေရကြောင်းနှင့် ယခုနှစ် နွေရာသီမှာ အိန္ဒိယနိုင်ငံ၏ရာသီဥတုသမိုင်းတွင် နှစ် ၁၀၀အတွင်း အပူချိန်အပြင်းဆုံးရာသီဥတုဖြစ်ကြောင်း၊ အိန္ဒိယတောင်ပိုင်းဒေသများတွင် လက်ရှိအပူချိန်မှာ ၄၈ ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်နေသဖြင့် ဒေသအာဏာပိုင်များက နေ့လယ် ၁၁ မှ ၂ နာရီအတွင်း အပြင် မထွက်ရန် တိုက်တွန်းထားကြောင်း Global Times သတင်းဌာနက ဖော်ပြခဲ့သည်။

ဘာသာပြန်-ခန့်ဇင်သူ(china.com)
china.com Myanmar
https://www.facebook.com/china.com.mm
ပြင်းထန်သော အယ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်တက်ကာ အိန္ဒိယတွင် ဧပြီလအတွင်း လူ ၃၀၀ကျော်သေဆုံး  ပြင်းထန်သော အယ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်တက်ကာ အိန္ဒိယတွင် ဧပြီလအတွင်း လူ ၃၀၀ကျော်သေဆုံး Reviewed by THITHTOOLWIN on 16:50 Rating: 5
Powered by Blogger.