ယနေ့ နှစ်ဆန်း ၁ ရက်နေ့၌ နိုင်ငံတော်သမ္မတရုံးအမိန့်ဖြင့် မန္တလေး အိုးဘိုနှင့် ထုံးဘို အကျဉ်းထောင်မှ အကျဉ်းသား ၆ ဦး လွတ်မြောက်

Photo- နိုင်ငံတော်သမ္မတရုံး အမိန့်ဖြင့် အိုးဘိုထောင်မှ ဧပြီ ၁၇ ရက်နေ့က ပြန်လည်လွတ်မြောက်လာသော ကိုဇော်လင်းအား တွေ့ရစဉ်
နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၃၃/ ၂၀၁၆ ဖြင့် ဧပြီ ၁၇ ရက်(နစ်ဆန်း တစ်ရက်) နံနက် ၈ နာရီက မန္တလေး အိုးဘို အကျဉ်းထောင်မှ ၄ ဦးနင့် ထုံးဘိုအကျဉ်းထောင်မှ ၂ ဦး စုစုပေါင်း အကျဉ်းသား ၆ ဦး လွတ်မြောက်ခဲ့ပြီး ၎င်းတို့မှာ တောင်သူများနှင့် ကျောင်းသားအရေး ဆောင်ရွက်သူများဖြစ်ကြောင်း သိရသည်။

နစ်ဆန်းတစ်ရက်နေ့သည် မြန်မာတို့၏ နစ်သစ်ကူးဖြစ်၍ အမျိုးသားရင်ကြားစေ့ရေးနင့် ပြည်သူတို့ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းစေရန်ဟုဆိုကာ တနိုင်ငံလုံးရှိ အကျဉ်းကျခံနေရသူ ၈၃ ဦးကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

အိုးဘိုထောင်မှလွတ်မြောက်လာသူ ကိုဇော်လင်းက ''ဆင်းရဲသားတောင်သူနဲ့ပြည်သူတွေကို ဖိနိပ်ချုပ်ချယ်တဲ့ဥပဒေတွေ ပြုပြင်မယ်လို့ ယုံကြည်တယ်။ ဥပဒေမဲ့အသိမ်းခံခဲ့ရလို့ ဆုံးရှုံးခဲ့တဲ့ မြေယာတွေ ပြန်ရအောင်ဆက်လုပ်မယ်''ဟု ပြောသည်။

၎င်းသည် ၂၀၁၅ က ထောင် ၇ နစ်ခွဲ ပြစ်ဒဏ်ပေးခြင်း ခံခဲ့ရသူဖြစ်သည်။

အိုးဘိုနှင့် ထုံးဘိုအကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ရသူများမှာ ကိုဇော်လင်း၊ ကိုအောင်စိုး၊ ကိုရဲရင့်ပိုင်မှူးတို့အပါအဝင် ၆ ဦးဖြစ်ရာ ကျောင်းသား ရဲရင့်ပိုင်မှူးမှာ လွတ်ရက်လည်းစေ့ပြီဖြစ်ကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ယနေ့ နှစ်ဆန်း ၁ ရက်နေ့၌ နိုင်ငံတော်သမ္မတရုံးအမိန့်ဖြင့် မန္တလေး အိုးဘိုနှင့် ထုံးဘို အကျဉ်းထောင်မှ အကျဉ်းသား ၆ ဦး လွတ်မြောက်  ယနေ့ နှစ်ဆန်း ၁ ရက်နေ့၌ နိုင်ငံတော်သမ္မတရုံးအမိန့်ဖြင့် မန္တလေး အိုးဘိုနှင့် ထုံးဘို အကျဉ်းထောင်မှ အကျဉ်းသား ၆ ဦး လွတ်မြောက် Reviewed by THITHTOOLWIN on 19:29 Rating: 5
Powered by Blogger.