တုတ်၊ဓား လက်နက် ကိုင်ဆောင်၍ ရေပက်ခံထွက်သူများကို ပညာပေး တားမြစ်

ဓာတ်ပုံ - မျိုးကိုစိုး( တုတ်၊ဓား လက်နက် ကိုင်ဆောင်၍ ရေပက်ခံ ထွက်သူများ ကို ပထမ အဆင့်အနေနှင့် အသိပညာပေးတားမြစ် လျက်ရှိသည်)
မော်လမြိုင် ၊ ဧပြီ ၁၄

မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းတစ်လျောက် တုတ်၊ဓား လက်နက် ကိုင်ဆောင် ၍ ရေပက်ခံ ထွက်သူများ ကို လှည့်ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ ဝင်များ က မော်လမြိုင်သင်္ကြန် (ပထမအကြတ်)နေ့ တွင် အသိ ပညာပေးတားမြစ်ကာ မှတ်တမ်းများပြုလုပ်ထားကြောင်း မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မော်လမြိုင် သင်္ကြန် တွင်မော်တော် ဆိုင်ကယ် များအုပ်စုဖွဲ့ စီးနင်းကာ တုတ်၊ဓါး ၊သံပိုက် ၊ အစရှိသည့် လက်နက် များကိုင်ဆောင် ကာ သင်္ကြန် ရေပက်ခံ ထွက်ကြသောကြောင့် ယင်းသို့ အသိပညာပေးကာ တားမြစ်ရ ခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူကဆိုသည်။

“နေ့တိုင်းလှည့်ကင်းအဖွဲ့တွေရှိတယ် လှည့်ကင်းအဖွဲ့က အဲ့လိုလက် နက်ကိုင်ဆောင်ထားတဲ့ အဖွဲ့တွေကို တွေ့ရှိတဲ့အချိန်မှာ ပညာပေးပြီး ပစ္စည်းတွေကိုသိမ်းဆည်သွားမှာပါ ။ဒီမနက်က တိုးချဲ့ကမ်းနား လမ်း မောင်ငံအလယ်တန်းရပ်ကွက်မှာ တုတ်ဓားလက်နက် ကိုင်ဆောင် တဲ့အဖွဲ့ကို ပညာပေးအနေနဲ့ နောက်ထပ်မကိုင်ဆောင်ဖို့ တားမြစ်ပြီးခဲ့တယ်”ဟု မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ - မျိုးကိုစိုး( တုတ်၊ဓား လက်နက် ကိုင်ဆောင်၍ ရေပက်ခံ ထွက်သူများ ကို ပထမ အဆင့်အနေနှင့် အသိပညာပေးတားမြစ် လျက်ရှိသည်)
ယခုကဲ့သို့ အများပြည်သူများ ပျော်ရွင်စွာ ရေကစားနေကျချိန်တွင် ဆိုင်ကယ် အိတ်ဇော ဖြုတ်မောင်းနှင်ခြင်း တုတ်၊ဓား လက်နက်များကိုင်ဆောင်ခြင်းများ မပြုလုပ်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားသောလည်း လိုက်နာမှု မရှိကြောင်း မော်လမြိုင်မြို့ဒေသခံတစ်ဦးက ပြောဆိုသည်။

“ဆိုင်ကယ် အစီး သုံးလေးဆယ် အဖွဲ့လိုက်သွားတဲ့အခါ ဆိုင်ကယ်လီဗာကို အသံအကျယ်ကြီး တွေဖြစ်အောင် ဆွဲတယ် အိတ်ဇောတွေဖြုတ်ကျတယ်၊ အဲ့တာအပြင် တစ်ချို့တွေက ခါးမှာ ဓားရှည်လိုမျိုးတွေချိတ် ထားကြတယ် သံပိုက်တွေ၊ နံပါတ်တုတ်တွေ ကိုင်ဆောင် ထားကြတာမျိုးတွေ လည်း တွေ့နေ့ရတယ် တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ခိုက်ရန် ဖြစ်ပွားမိခဲ့ရင် အရမ်း အန္တာရယ် များတာ” ဟု ၎င်းက ပြောဆိုသည်။

တုတ်ဓားလက်နက်များ ကိုင်ဆောင်ကာ အဖွဲ့လိုက် ဆိုင်ကယ်မောင်းနှင် ကာ ရေပက်ခံထွက်နေကြသောလည်း ယခုနှစ်သင်္ကြန်အတွင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ ခိုက်ရန်ဖြစ်ပွား၍ရိုက်နှက်မှုများ ပထမ အကြတ်နေ့ အချိန်ထိ ဖြစ်ပွား ခဲ့ခြင်း မရှိကြောင်း မြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

ဟိန်းထက်
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation/


တုတ်၊ဓား လက်နက် ကိုင်ဆောင်၍ ရေပက်ခံထွက်သူများကို ပညာပေး တားမြစ်  တုတ်၊ဓား လက်နက် ကိုင်ဆောင်၍ ရေပက်ခံထွက်သူများကို ပညာပေး တားမြစ် Reviewed by THITHTOOLWIN on 18:49 Rating: 5
Powered by Blogger.