အလုပ်သမားတွေ နေပြည်တော်ကို ဆက်လက်ချီတက်မယ်

နေပြည်တော် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းနဲ့ အဖွဲ့ဟာ ဧပြီလ ၃ဝ ရက်နေ့က Myanmar Veneer ဆန္ဒပြအလုပ်သမားတွေရဲ့ သပိတ်ကို ရပ်နားပြီး ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုခံယူဖို့ သွားရောက်ပြောကြားခဲ့စဉ်။ Photo: Hste Paing Toe/RFA
မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့ ဖါးလင်ပိုးကျောင်းတိုက်မှာ ရောက်ရှိနေတဲ့ စစ်ကိုင်းမြို့က Myanmar Veneer အလုပ်သမားသပိတ်စစ်ကြောင်းက အလုပ်သမားတွေကို နေပြည်တော် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တာဝန်ရှိသူတွေက သပိတ်ရပ်နားဖို့ပြောကြားခဲ့ပေမယ့် အလုပ်သမားတွေက လက်မခံဘဲ ဆက်လက်ချီတက် ဆန္ဒပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ခုံသမာဓိကောင်စီရဲ့ ကြားနာစစ်ဆေးမှုကို ခံယူမှာဖြစ်ပေမယ့် အလုပ်သမားတွေရဲ့ လမ်းလျှောက်ဆန္ဒပြမှုကို ရပ်နားမှာမဟုတ်ဘူးလို့ အလုပ်သမားခေါင်းဆောင် ကိုခိုင်မင်း က ပြောပါတယ်။

နေပြည်တော် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းနဲ့ အဖွဲ့ဟာ နေ့အပူချိန်ပြင်းတာကြောင့် ဆန္ဒပြအလုပ်သမားတွေရဲ့ ကျန်းမာရေးကို စိုးရိမ်တဲ့အတွက် သပိတ်ကို ရပ်နားပြီး ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုခံယူဖို့ သွားရောက်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လာမယ့် မေလ ၂ ရက်နေ့မှာ ခုံသမာဓိကောင်စီက စစ်ဆေးဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

Myanmar Veneer စက်ရုံမှာ လုပ်သက်အလိုက် ကျွမ်းကျင်ကြေး၊ လုပ်သက်ခံစားခွင့်၊ ရက်မှန်ကြေး၊ စားစရိတ် ၊ နေစရိတ်၊ အကြိုအပို့စရိတ်တွေကို ခံစားခွင့်ရရှိမယ်ဆိုတဲ့ သဘောတူညီချက်တွေကို အလုပ်ရှင်ဘက်က ဖေါက် ဖျက်တဲ့အတွက် အလုပ်သမားတွေက ဆန္ဒပြတောင်းဆိုကြရာ အလုပ်ရှင်က အလုပ်သမား ၁၇ဝ နီးပါးကို ၃ ကြိမ် ခွဲပြီး အလုပ်ကနေ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။

အဲ့ဒီစက်ရုံဟာ အိန္ဒိယနိုင်ငံသားပိုင်တဲ့ စက်ရုံဖြစ်ပြီး အလုပ်သမား ၂ဝဝ ကျော်နဲ့ လည်ပတ်နေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
အလုပ်သမားတွေ နေပြည်တော်ကို ဆက်လက်ချီတက်မယ်  အလုပ်သမားတွေ နေပြည်တော်ကို ဆက်လက်ချီတက်မယ် Reviewed by THITHTOOLWIN on 20:29 Rating: 5
Powered by Blogger.