သမ္မတလွတ်ငြိမ်းခွင့်ဖြင့် ဇင်းကျိုက်အကျဉ်းစခန်းမှ (၇)ဦးလွတ်မြောက်


ဇင်းကျိုက်၊ ဧပြီ ၁၇

ပေါင်မြို့၊ ဇင်းကျိုက်အကျဉ်းဦးစီးကျောက်ထုတ်စခန်းမှ အကျဉ်းသား(၇)ဦးသည် ဧပြီလ(၁၇)ရက်နေ့ မနက်(၉)နာရီခွဲတွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိပါသည်။

ပြစ်ဒဏ်ကျခံရသော အမှုမှာ ဘိုးဘွားပိုင်ရော်ဘာခြံကို အစိုးရက သိမ်းယူထားစဉ်ဝင်ရောက်ခုတ်ထွင်ရှင်းလင်းသဖြင့်
၂၀၁၃ခုနှစ်ကဖမ်းဆီးခံရပြီး ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်သည့်ဥပဒေပုဒ်မ၆(၁)အရထောင်(၇)နှစ်ကျခံနေရစဉ်အယူခံ(၃)နှစ်လျော့ပေးပြီး(၄)နှစ်ကျခံနေရစဉ် ယခုကဲ့သို့အမှုတွဲတစ်ခုထဲက လူ(၇)ယောက်ကိုလွှတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

လွတ်မြောက်လာသူအားလုံးမှာ သထုံမြို့မှဖြစ်ပြီး စောညိုဦး၊ အုန်းမြင့်၊ စောပေါအေး၊ သောင်းအေး၊ စောထွန်း၊ စောဝါး၊ ဇော်ဝင်းရှိန်တို့ဖြစ်ကြသည်။

သတင်းနှင့် ဓါတ်ပုံ - ဝရဇိန်(ပေါင်)
Than Lwin Times
https://www.facebook.com/thanlwintimes9
သမ္မတလွတ်ငြိမ်းခွင့်ဖြင့် ဇင်းကျိုက်အကျဉ်းစခန်းမှ (၇)ဦးလွတ်မြောက်  သမ္မတလွတ်ငြိမ်းခွင့်ဖြင့် ဇင်းကျိုက်အကျဉ်းစခန်းမှ (၇)ဦးလွတ်မြောက် Reviewed by THITHTOOLWIN on 19:08 Rating: 5
Powered by Blogger.