“ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၊ ၆ ဦးသေ ၅ ဦး ဒဏ်ရာရရှိ”


ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၉၂/၁ ရဘိန်းရွာအနီး (ပုလွေးအမြန်လမ်းရဲစခန်းအနီး) ၁၈.၄.၂၀၁၆ ရက်နေ့နံနက် ၆ နာရီအချိန် ပဲခူးမှ မန္တလေးသို့ ထွက်လာသော ယာဉ်မောင်း မျိုးလင်းအောင် (၂၅) နှစ် (ဘ) ဦးမြင့်ရွှေ (ဝေါမြို့နယ်) မောင်းနှင်သည့် 4J-3353 Hyundai Foton (ကိုရီးယား) ယာဉ်သည် အရှိန်မထိန်းနိုင်ဖြစ်ပြီး လမ်းလည်ကျွန်းအားတိုက်မိပြီး လမ်းလည်ကျွန်းပေါ်တွင် တိမ်းမှောက်ခဲ့ပါသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ကျား ၁ မ ၄ ဦး နေရာတွင် သေဆုံးခဲ့သည်။ (၁) မသွယ်သွယ်ဦး (၁၉)နှစ် (ဘ) ဦးသိန်းဇော်ဦး(ဝေါ)၊ (၂) မသဲမွန်ခိုင်( )(ခ) ဦးမောင်ချို (၃) ဒေါ်ရွှေညွှန်၊ (၄) မောင်ဟိန်းစုအောင် (၇) နှစ်၊ (၅) ဒေါ်ဝင်းမာ၊ တို့ဖြစ်ကြပါသည်။

ထို့ပြင် ဒေါ်ချိုဆိုသူ အခြားအမျိုးသမီးတဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ဆေးရုံသို့တင်ပို့စဉ် ဆုံးပါးသွားခဲ့ကြောင်း သိရသည်။

ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအ၀င် ခရီးသည် (၁၃) ဦး လိုက်ပါလာပြီး ယာဉ်မောင်းနှင့် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း၊ ထိခိုက်ဒဏ်ရာရသူ (၅) ဦး (၁) မခိုင်ယဉ်မွန် (၂၀) နှစ် (ဘ) ဦးစိုးသိန်း ဖက်ကလိပ်ရွာ (ဝေါ) (၀ဲပေါင်ဖူးရောင်) ၊ (၂) ဒေါ်တင်ဝင်း (၇၁) နှစ် (ဘ) ဦးထွန်းမောင် တကောင်းဝင်ရွာ (ဝေါ) ပြင်ပဒဏ်ရာ၊ (၃) မစုမြတ်နိုင် (၁၅) နှစ် (ဘ) ဦးဇော်နိုင်၊ ဖက်ကလိပ်ရွာ၊ ပဲခူး ပြင်ပဒဏ်ရာ(၄) မသန္တာဝေ (၁၉) နှစ် (ဘ) ဦးသိန်းနိုင် ဖက်ကလိပ်ရွာ (ဝေါ) ပြင်ပဒဏ်ရာ၊ (၅) မဝေနှင်းစိုး (၂၀)နှစ် (ဘ) ဦးကျော်ဝင်း ဖက်ကလိပ်ရွာ (ဝေါ) တို့ ပြင်ပဒဏ်ရာရရှိခဲ့သည်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွင် ယာဉ်မောင်းမျိုးလင်းအောင်အား အမြန်လမ်းရဲတပ်ဖွဲ့ ပုလွေးရဲစခန်းတွင် ယာဉ်(ပ) ၁၁/၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရပါသည်။

ထွန်း (နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
“ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၊ ၆ ဦးသေ ၅ ဦး ဒဏ်ရာရရှိ”   “ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၊ ၆ ဦးသေ ၅ ဦး ဒဏ်ရာရရှိ” Reviewed by THITHTOOLWIN on 11:05 Rating: 5
Powered by Blogger.