ချစ်သူ အဖြစ်မှ အဆက်ဖျက်မည် ဟု ဆိုသော ကြောင့် ချစ်သူ ကောင်မလေး ၏ မျက်လုံးအား ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးနှက်မှု ဒဂုံစင်တာ တွင် ဖြစ်ပွား


ချစ်သူ အဖြစ်မှ အဆက်ဖျက်မည် ဟု ဆိုသောကြောင့် ချစ်သူ ကောင်မလေး ၏မျက်လုံး အား ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးနှက်မှု စမ်းချောင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ဒဂုံစင်တာ ပထမ ထပ် တွင် ဧပြီလ ၆ ရက်နေ့ မနက်ပိုင်း ၌ ဖြစ်ပွားခဲ့ကြောင်း စမ်းချောင်း မြို့မ ရဲစခန်းမှ သိရသည်။

“လက်တလော သိရသလောက် အခြေအနေက လူငယ်သဘာဝ ရည်စားအဖြစ်က ဖြတ်လို့စကားများရကနေပြီးတော့ အခု လို ကတ်ကြေးနဲ့ အချက်ပေါင်းများစွာ ထိုးနှက်မှုဖြစ်ပွားတာလို့တော့သိထားပါတယ်။


ပထမအဆက်ဖျက်မယ်လို့ပြောတဲနေ့ကလည်း ကောင်လေးက ကောင်မလေးကို ပါးရိုက်ခဲ့ပါသေးတယ်လို့ သိထားရပါတယ်။အမှုမှန်ပေါ်ဖို့ ဆက်လက် စစ်ဆေးနေပါတယ်။” ဟု စမ်းချောင်း မြို့မ ရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက News Watch ဂျာနယ်သို့ပြောသည်။

ဖြစ်စဉ်မှာ စမ်းချောင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ဒဂုံစင်တာ ပထမ ထပ် ၊ ONYX အလှပစ္စည်း အရောင်းဆိုင်တွင် အလုပ်လုပ်သည့် အမျိုးသမီးတစ်ဦးသည် မိမိချစ်သူ ကောင်လေးအား အဆက်ဖျက်ရန် ဖုန်းဖြင့်ပြောခဲ့သည်အား ကျေနပ်မှုမရှိသဖြင့် အလုပ် အထိလိုက်လာ ကာ စကားပြောရာမှ ရန်ဖြစ်ပွားခဲ့ကာ အခင်းဖြစ်ပွားနေစဉ် အမျိုးသား ကောင်လေးမှာ ကတ်ကြေးဖြင့် အမျိုးသမီးကောင်မလေး ၏ မျက်လုံး အား ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးနှက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“အမှုမှန်ပေါ်ပေါက်အောင်လို့ လက်ရှိ ပြစ်မှု ကျူးလွန်သူကို ဖမ်းမိထားပါပြီး ဖြစ်ပါတယ်။ အမှုအတွက် စစ်ဆေးနေပါတယ်။ ချွန်ထက်တဲ့အရာ နဲ့ အပြင်အထန် ဒဏ်ရာရရှိစေမှု၊နာကျင်စေမှု စတဲ့ ပုဒ်မတွေ နဲ့ အမှုဖွင့်ပြီးအရေးယူဆောင်ရွက်နေပါတယ်။ ကောင်မလေး ကတော့ မျက်လုံးတစ်လုံး ပေါက်သွားပြီးတော့ လက်ရှိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ကုသနေရပါတယ်။”ဟု အဆိုပါ ရဲအရာရှိကဆိုသည်။

ကတ်ကြေးဖြင့် ထိုးခံရသည့် အမျိုးသမီးတွင် ညာဘက် မျက်လုံးပေါက်ထွက်ခဲ့ပြီး ဘယ်မျက်လုံးအောက်၊ ဦးခေါင်း ၊မေးစေ့ နှင့် လက်တို့တွင် ကတ်ကြေး ဒဏ်ရာများ ရရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူ အမျိုးသားအား နေဒွေး အား စမ်းချောင်းမြို့မ ရဲစခန်းမှ ပြစ်မှုပုဒ်မ ၃၂၆/၃၀၇/၄၅၂ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်းသိရသည်။

နေမင်းခ
ဓါတ်ပုံ-စမ်းချောင်းရဲစခန်း
News Watch(စောင့်ကြည့်သတင်းဂျာ
https://www.facebook.com/NewsWatchJournal
ချစ်သူ အဖြစ်မှ အဆက်ဖျက်မည် ဟု ဆိုသော ကြောင့် ချစ်သူ ကောင်မလေး ၏ မျက်လုံးအား ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးနှက်မှု ဒဂုံစင်တာ တွင် ဖြစ်ပွား  ချစ်သူ အဖြစ်မှ အဆက်ဖျက်မည် ဟု ဆိုသော ကြောင့် ချစ်သူ ကောင်မလေး ၏ မျက်လုံးအား ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးနှက်မှု ဒဂုံစင်တာ တွင် ဖြစ်ပွား Reviewed by THITHTOOLWIN on 20:21 Rating: 5
Powered by Blogger.