မုံရွာမြို့မှ နိုင်ငံရေးလှုပ်ရှားသူတစ်ဦး တရားရင်ဆိုင်ရန်အသွား ထိန်းသိမ်းခံရ


မုံရွာ ဧပြီ ၈

''ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ်နဲ့ ကြေညာချက်အမှတ် (၁/၂ဝ၁၆)ကို ထုတ်ပြန်တဲ့ ဧပြီ ၇ ရက်ရဲ့ နောက်ရက် ဧပြီ ၈ ရက်မှာ မုံရွာမြို့က ကျောင်းဆရာ(အငြိမ်းစား)ဦးသန်းအေးကို ပုဒ်မ ၁၈/၅ဝ၅(ခ) စတဲ့ ပုဒ်မများနဲ့ ထိန်းသိမ်းလိုက်တယ်ဆိုတဲ့သတင်းဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထိုးနှက်လိုက်တဲ့ လုပ်ဆောင်ချက်လို့ပဲမြင်ပါတယ်'' ဟု မုံရွာမြို့နေ စာရေးဆရာကြီးဦးအံ့မောင်က ဧပြီ ၈ ရက်တွင် ဆရာကြီး ဦးသန်းအေးမုံရွာအကျဉ်းထောင်ကြီးချုပ်အတွင်း အထိန်းသိမ်းခံရမှုနှင့်ပတ်သက်၍ပြောပြသည်။

ဆရာကြီးဦးသန်းအေး၏ အိမ်ကို ဧပြီ ၈ ရက်က ဝရမ်းလာကပ်ရာ ဧပြီ ၈ ရက်တွင် လွန်ခဲ့သည့် ခြောက်လ က ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရန်ဆီမီးထွန်း ဆုတောင်းမှုဖြင့် တရားစွဲဆိုထားမှုကိုရင်ဆိုင်ရန် အသွားတွင် ထိန်းသိမ်းခံလိုက်ရခြင်းဖြစ်ကြောင်း ဦးသန်းအေး၏ဇနီးဒေါ်ခင်တင့်(ခ)ဒေါ်ရှမ်းမထံမှ သိရသည်။

''နိုင်ငံရေးကျောင်းသားတွေ လွတ်မြောက်ဖို့လွန်ခဲ့တဲ့ သီတင်းကျွတ်က မီးထွန်းဆုတောင်းတာရှိတယ်။ ကျွန်မတို့ အနေနဲ့ကတော့ သူက ရဲရဲတင်းတင်းသွားပြီး အမှုရင်ဆိုင် တာဘာပြောသာမှာလဲ။ ကျွန်မတို့ကတော့ သူအသက် ကြီးပြီဆိုတော့ အချုပ်ထဲမှာမထားချင်ပါဘူး။ ဟိုတုန်းကတော့ သူတို့နှိပ်စက်တဲ့ဒဏ်ခံခဲ့ရတယ်။ အခုတော့ ကျွန်မစိတ်ထဲမှာ အဲဒီလိုဟုတ်မယ်မထင်ပါဘူး။ အမှုတွဲတစ်ခုတည်း မှာပါတဲ့ ခြောက်ယောက်စလုံးကိုတော့ အဖမ်းမခံစေချင်ဘူး''ဟု ဒေါ်ခင်တင့်က သူ၏သဘောထားကို ပြောပြသည်။

ဆရာဦးသန်းအေးသည် နိုင်ငံရေးလှုပ်ရှားတက်ကြွသူ ဖြစ်သော်လည်း ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်စဉ်က ကျောင်းသား ကျောင်းသူများ အမှားပြုလုပ်မည်ကို စိုးရိမ်သောကြောင့် ထိန်းထိန်းသိမ်းသိမ်းဖြင့် ကြပ်မတ်ဆောင်ရွက် ပေးခဲ့သူဖြစ်ကြောင်း ဆရာကြီးဦးအံ့မောင်က ပြောပြသည်။

''အခုအချိန်မှာ နိုင်ငံရေးဖမ်းဆီးအရေးယူမှုတွေ လုံးဝရပ်နားပြီးတော့ သတိကြီးစွာနဲ့ကိုင်တွယ်ရမယ့် အချိန်ဖြစ်တဲ့ဒီရက်မှာပဲ နိုင်ငံရေးအရ ဖမ်းဆီးမှုတွေလုပ်တာကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထိပါးလိုက်တယ်လို့ ယူဆပါတယ်။ ဒီအချိန်မှာအကျဉ်းထောင်အတွင်းမှာရှိတဲ့ အကျဉ်းသားတွေကို လွှတ်ပေးရမယ့် အချိန်မှာ ရုံးတင် စစ်ဆေးရမယ့်အမှုတွေကို ရုပ်သိမ်းပေးရမယ့်အချိန်ပါ။ ဒီအချိန်မှာ နိုင်ငံရေးအရဖမ်းဆီးတာကတော့ အချိန်ကာလနဲ့ဘယ်လိုမှ မသင့်တော်တဲ့အပြုအမူဖြစ် နေတယ်လို့ ယူဆပါတယ်''ဟု ဦးအံ့မောင်က ပြောပြသည်။

မျိုးဝင်းထွန်း(မုံရွာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
မုံရွာမြို့မှ နိုင်ငံရေးလှုပ်ရှားသူတစ်ဦး တရားရင်ဆိုင်ရန်အသွား ထိန်းသိမ်းခံရ  မုံရွာမြို့မှ နိုင်ငံရေးလှုပ်ရှားသူတစ်ဦး တရားရင်ဆိုင်ရန်အသွား ထိန်းသိမ်းခံရ Reviewed by THITHTOOLWIN on 06:48 Rating: 5
Powered by Blogger.