ဒေါ်အောင်ဆန်းစုကြည်အား စိုးရွံ့နေကြသော အာဆီယံ ၀န်ကြီးများ


ဒီ အရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်း သတင်းစာမှ အာဆီယံ နှင့် ပါတ်သက်၍ အချက် (၁၀) ချက် သတိထားရမည်ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အခုလာမယ့် ဂျူလိုင်လမှာ လာအို နိုင်ငံ ဗီယင်ကျန်းမှာ ပြု လုပ်ရန် ရှိတဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး အစည်းအဝေး တက်ရန်ရှိတဲ့အရေး ကို အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး တွေ က ကျောင်းအုပ်ဆရာ အသစ် ပြောင်းလာမှာကို မိမိ တို့ နဲ့ အဆင်ပြေပါ့ ပြေပါ့မလား စိုးရွံ့နေကြတဲ့ ကျောင်းဆရာ ဆရာမ တွေလို ဖြစ်နေပါတယ်။

ဒီအတွက် ထိုင်းသတင်းစာ The Nation မှ ထိတိတန်း ဆောင်းပါးရှင် Kavi Chongkittavon က အခုလို သတိပေး ရေးသားထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အရှိန်အ၀ါ ဟာ ပြည်ပမှာ နဲနဲ နောနော မဟုတ်ဘူး ဆိုတာ ဖတ်ကြည့်ရင် သိနိုင်ပါတယ်။

(၁) ဒေါ်အောင်ဆန်းစုကြည် သည် နိုဘဲငြိမ်းချမ်းရေး ဆုရှင် လည်း ဖြစ်ပြီး ကမ္ဘာနှင့်တ၀ှမ်း ထင်ရှား ကျော်စောလှသဖြင့် အခြားသော အာဆီယံ ၀န်ကြီးများ မှာ ထင်ရှားမှုတွင် မည်သို့ မျ ယှဉ်၍ မရနိုင်သဖြင့် နှိမ်ချတတ်ဘို့ လိုသည်။

(၂) အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ တရားဝင် အစည်းအဝေး မတိုင်မှီ ည တွင် အိမ်ရှင်နိုင်ငံ၏ အပန်းဖြေ စခန်းတခုတွင် တရားဝင် အစီအစဉ်တွင် မပါသည့် ကိစ္စ များကို ဆွေးနွေးလေ့ရှိပြီး အားလုံး သဘောတူညီချက်ရပါက နောက်နေ့ အစီအစဉ်တွင် တရားဝင် ပြောဆိုကြလေ့ရှိသည်။

(၃) အာဆီယံသည် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အားလုံး သဘောတူညီလာသည့်အထိ ဆွေးနွေးလေ့ရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အမှီအခို ကင်းစွာ လုပ်တတ်ကိုင်တတ်သူ အဖို့ စိတ်အနှောက်အယှက် ဖြစ်လာတတ်သည်ကို သည်းညည်း ခံရပေမည်။

(၄) ယခုနှစ်သည် လာအိုမှ ဥက္ကဌ နေရာ တာဝန်ယူထားချိန်ပြီး တပြိုင်နက်လိုလို အင်အားကြီးနိုင်ငံများ ဖြစ်သော အမေရိကန်၊ ရုရှား၊ တရုတ် တို့နှင့် ထိပ်သီး အဆင့် တွေ့ ဆုံဘို့ ရှိလာသောကြောင့် ကမ္ဘာ့ခေါင်းဆောင်များနှင့် ကြိမ်ဖန် များစွာ တွေ့ဆုံခဲ့ပြီး ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်မှ အာဆီယံ ကိုယ်စား သူမရဲ့ အမြင်များကို ဦးဆောင် ဆွေးနွေးနိုင်ရန် အရေးတကြီး လိုအပ်နေပေသည်။

(၅) ဒေါ်အောင်ဆန်းစုကြည့်၏ နှစ်ပေါင်း ၂၀ ကျော် ထင်ရှားလာခဲ့သော ဘုန်းသမ္ဘာ အရှိန်ကြောင့် အာဆီယံ လုပ်ဖေါ် ကိုင်ဖက်များက သူမနှင့် ဆက်ဆံရမည်ကို မ၀ံ့မရဲ ဖြစ်နေကြသဖြင့် ဒေါ်အောင်ဆန်းစုကြည်မှ လိုက်လိုက်လျောလျော ဆက်ဆံပေးသင့်ပြီး ၎င်းတို့ ရဲ့ ပျင်းရိငြည်းငွေ့ ဖွယ် ကောင်းလှသော မိန့် ခွန်းများကို ဂရုတစိုက် နားထောင် ပေးကာ အခြား မိမိလို နိုင်ငံခြားရေး ၀န်ကြီး အသစ်များ ဖြစ်သော လာအို၊ ဗီယက်နမ် နှင့် ကမ္ဘောဒီယား တို့နှင့် စကား စမြည် ပြောဆို ဆွေးနွေး ခြင့် ဖြင့် ထိတ်လန့်မှုများ ပြေပျောက်အောင် ပြု လုပ်သင့်ပေသည်။ သူမရဲ့ နိုင်ငံရေး နဲ့ လစ်ဘရယ် ၀ါဒ ကြောင့် ထင်ရှား ကျော်ကြားပြီး ဖြစ်သဖြင့် မည်သူကိုမျ အထင်တကြီး ရှိလာအောင် လုပ်နေရန် မလိုပေ။

(၆) ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏ လက်ထောက်များ အနေဖြင့် အာဆီယံ ၏ ယခင် ကြေငြာချက်များ၊ ထုတ်ပြန်ခဲ့သော စာရွက်စာတမ်းများကို စေ့စေ့စပ်စပ် ဖတ်ထားသင့်ပေသည်။ သို့ မှသာ အာဆီယံ အသင်းအဖွဲ့ အဖြစ် တည်ရှိနေခြင်း သဘောသဘာဝ အနှစ်သာရများကို ပိုမိုနားလည်နိုင်မည် ဖြစ်သည်။ ထို့ အပြင် အရေး အသား နှင့် အပြောအဆို များသည် အာဆီယံ သံတမန် ယဉ်ကျေးမှု၏ အရေး အပါဆုံး ၀ိသေသ များ ဖြစ်သည်ကိုလည်း သတိချပ်သင့်သည်။

(၇) ဒေါ်အောင်ဆန်းစုကြည် သည် ပြည်တွင်း တွင် သမ္မတ အထက်တွင် ရှိနေသော်လည်း အာဆီယံ ၀န်ကြီးများ အားလုံး အထက်တွင် ရှိနေသည်ဟု မမှတ်ယူ သင့်ပေ။ နိုင်ငံခြားရေး ၀န်ကြီး အဖြစ် ရရှိလာမည့် သံတမန် အခွင့် အရေး လုပ်ထုံးလုပ်နည်းများကို လိုက်နာပြီး နိုင်ငံတော် အကြံပေး ပုဂ္ဂို လ် အဖြစ် ဆွေးနွေးပွဲများ ဆုံးဖြတ်ချက် များ ချမှတ်ရာတွင် ပါဝင်နိုင်ပေသည်။

(၈) တရားမ၀င် ရွှေ့ ပြောင်း ၀င်ရောက်လာမှုများ ပြသာနာကို သူမ ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ ဆွေးနွေးကြမှာ ဖြစ်သဖြင့် မဆွေးနွေးလိုက အချိန်ယူပြီး ကြို တင် အကြောင်းကြားထားသင့်သည်။ ဦးသိန်ုစိန်ကမူ ထိုပြသာနာ အတွက် နိုင်ငံတကာ ကွန်ဖရင့် ခေါ်ရန် မီးစိမ်း ပြထားခဲ့ပြီး ဖြစ်သည်။

(၉) အတိုက်အခံ ခေါင်းဆောင်အဖြစ်၎င်း၊ ထင်ရှား ကျော်ကြကားသူ အဖြစ်၎င်း အခြားသော ဂုဏ်သရေရှိ ပုဂ္ဂို လ်များ၊ ဧည့်သည်တော်များနှင့်ဓါတ်ပုံတွဲ ရိုက်သည့် အခါတိုင်း ဒေါ်အောင်ဆန်းစုကြည်မှ အမြဲလို အလယ်နား လောက်တွင် ရှိနေရမည် ဖြစ်သော်လည်း အာဆီယံ အဖွဲ့ ၏ ဓါတ်ပုံ ရိုက် အခမ်းအနားတွင်မူ ဥက္ကဌ ဖြစ်သူက အလယ်တွင် အမြဲလို ရှိနေရမည်ဖြစ်ပြီုး ဥက္ကဌ နှင့် အခြားသော ၀န်ကြီးများ၏ အရိပ်အခြေ အချက်ပြသည်ကို လိုက် လုပ်မှသာ မလိုလားအပ်သော အခြေအနေများ မှ ရှောင်ရှားနိုင်မည် ဖြစ်သည်။

(၁၀) အာဆီယံ ခေါင်းဆောင်များသည် အမြဲလို လက်ချင်း တွဲယှက်၍ (hand check) ဓါတ်ပုံ အရိုက်ခံလေ့ရှိသည်ကို အားလုံး သိကြသော်လည်း တကယ်တမ်း လုပ်သညိ့အခါ ကမ္ဘာ့တီဗွီ သတင်းဌာနများ နှင့် ဆိုရှယ် မီဒီယာ များ ရှေ့ မှောက်တွင် အလွဲလွဲ အချော်ချော် ဖြစ်တတ်၍ ကြိုတင် လေ့ကျင့်ထားသင့်သည်။ အင်ဒိုနီးရှား သမ္မတ သစ် ဂျို ကိုဝီ ဖြစ်ခဲ့ဘူးသည်။

HSW
BrainWave ဉာဏ်လှိုင်း
https://www.facebook.com/nyanhline
ဒေါ်အောင်ဆန်းစုကြည်အား စိုးရွံ့နေကြသော အာဆီယံ ၀န်ကြီးများ  ဒေါ်အောင်ဆန်းစုကြည်အား စိုးရွံ့နေကြသော အာဆီယံ ၀န်ကြီးများ Reviewed by THITHTOOLWIN on 19:41 Rating: 5
Powered by Blogger.