ကြည့်မြင်တိုင်မြို့နယ် ၊ ဦလူနီလမ်း၊ အိမ်အမှတ် (၂၀) မှာ ဧပြီလ (၂၆)ရက်နေ့ နံနက်ပိုင်း (၁၀း၅)မိနစ် ၀န်းကျင်က ဓားပြတိုက် ၊ ဓားစာခံခေါ်ဆောင်မှု တစ်ခုဖြစ်ပေါ်ခဲ့ပါတယ် ။
အိမ်အမှတ် (၂၀)မှာ ဒေါက်တာဦးရွှေပြည် ၊ ဇနီး ၊ သား ဖြစ်သူ၊ သမီးသော်တာအောင် အသက်(၆)နှစ် နဲ့ အိမ်အကူတို့ နေထိုင်ကြစဉ် ယနေ့ နံနက်မှာ အမည်မသိ အမျိုးသားတစ်ဦးက အိမ်ထဲမှာ တိတ်တဆိတ် ၀င်ရောက်နေပြီး အသက် (၆)နှစ် ၀န်းကျင်ရှိတဲ့ သမီးဖြစ်သူ မသော်တာအောင် ကို ဓားထောက်ကာ သိန်း(၅၀)တောင်းခဲ့တယ်လို့ မိသားစုဝင်တွေက ဆိုပါတယ် ။
ဖခင်ဖြစ်သူ ဒေါက်တာရွှေပြည်က သမီးငယ်ကို လွှတ်ပေးဖို့ပြောပြီး သိန်း(၅၀)ပေးလိုက်ပေမယ့် ဖခင်ကော ၊ သမီးငယ်ပါ ဓားထောက် ခြိမ်းခြောက်ကာ ဒေါက်တာ ရွှေပြည်ကို ကားမောင်းခိုင်းပြီး ဓားစာခံအဖြစ် ခေါ်သွားတယ်လို့ ကျန်ရစ်သူ မိသားစုဝင်တွေက ဆိုပါတယ် ။ ။
ဖခင်ဖြစ်သူ ဒေါက်တာရွှေပြည် နဲ့ သမီးဖြစ်သူ မသော်တာအောင်ကို ဟံသာဝတီလမ်းက ရွှေပ္ပလင် လက်ဖက်ရည်ဆိုင် အနီးမှာ ကားရပ်ခိုင်းပြီး ထွက်ပြေးသွားတယ်လို့ ကာယကံရှင်က ဆိုပါတယ် ။
သက်ဆိုင်ရာ ရဲစခန်းကို တိုင်းတန်းနေပြီး အမှုဖွင့်ဖို့ အကူညီတောင်းနေတယ်လို့ သိရပါတယ်။
ဤသတင်းနှင့် ပတ်သတ်၍ ထက်မံသိရှိသည်များကို ရေးသားသွားမှာဖြစ်ပါတယ် ။
5 Plus News (fb)
ယနေ့ နံနက်ပိုင်း ကြည်မြင်တိုင်မြို့နယ်မှာ ဓားပြတိုက် ၊ ဓားစာခံခေါ်ဆောင်မှုဖြစ်
Reviewed by THITHTOOLWIN
on
11:21
Rating: